နေ့လည်က Bright နဲ့ Sing ဖုန်းပြောတာကို မြင်ပြီးကတည်းက လူကနေရတာ သိပ်အဆင်မပြေတော့ …။
အဝတ်ဗလာနဲ့ မြင်လိုက်ရတာက တစ်မျိုး !!
Nan အကြောင်းပြောတာက တစ်မျိုးနဲ့ သူ့ကိုမြင်တာတောင် နှုတ်ဆက်မသွားဘူး !!။
" မုန်းလိုက်တာ…!! "
Krist စိတ်ထဲမှတွေးနေရင်း ပါးစပ်ကပါ အသံထွက်သွားမိလေသည်။ ထိုအခါ ထမင်းစားပြီးကတည်းက ဆိုဖာပေါ်မှာ ထိုင်ကာ ဇိမ်ယူနေတဲ့ Bright က
"ဘာကို မုန်းတာလဲ Krist. ဘယ်သူ့ကိုမကျေနပ်နေလဲ ပြောလို့ရတယ်နော်"
မျက်နှာစပ်ဖြီးဖြီးနဲ့ ပြောနေသော Bright ကို Krist တစ်ချက်စူးခနဲကြည့်လိုက်ရင်း…
** ဟွန့် မကျေနပ်တာကတော့ မင်းကထိပ်ဆုံးကပဲ။ Sing ကို Nan နဲ့ မကြိုက်ကြိုက်အောင် မြှောက်ပေးနေသလား ထင်ရတယ်။ ဖုန်းပြောတိုင်း အဲ့အကြောင်းပဲပြောနေတာ **
"မင်းကိုလေ…!!"
Krist စူးခနဲပြန်အော်လိုက်တော့ Bright လဲ သှူု့ကိုယ်သူ လက်ညှိုးပြန်ထိုးရင်းး
"ငါ…ငါ့ကိုလား? ငါက မင်းကိုဘာလုပ်မိလို့လဲ။"
"မင်း…မင်းက ထမင်းစားပြီးကတည်းက ဒီမှာပဲထိုင်နေတာကို ငါကပျင်းလာလို့ စိုက်ခင်းတွေထဲ သွားရအောင်ပါဆိုတာ မင်းက ထမှမထတာ"
မျက်လုံးကို တောင်ရွေ့မြောက်ရွေ့ ရွေ့ရင်း ပြောနေသော Krist ကို မြင်လိုက်ရတာမို့ Bright ရယ်ချင်စိတ်ကို တော်တော်လေးထိန်းထားလိုက်ရသည်။
ဟုတ်တယ်လေ!!… မျက်လုံးအငြိမ်မနေကတည်းက သူညာပြောနေတယ်ဆိုတာ အသိသာချည်း။ ခုမှတစ်ရက် နှစ်ရက်
ပေါင်းတဲ့ သူငယ်ချင်းမှ မဟုတ်တာ…။ ဒီအကျင့်က ခုထိမပျောက်သေးဘဲကို !!"အေး မင်းပြောလိုက်လား။ ငါမကြားလိုက်လို့ပါကွာ…။ သွားကြမယ်လေ အခု ထ..ထ "
ချက်ချင်း မတ်တတ်ထရပ်ကာ သွားရန်ပြောလာသော Bright ကြောင့် သူဘာပြန်ပြောရမယ်ကိုမသိတော့…။ ကိုယ့်စကားနဲ့ကိုယ်ဆိုတော့လဲ မသွားလို့ကမဖြစ်။
ဟွင်းး မသွားချင်ဘူးလို့ ငြင်းပါတော့လားကွာ…။
