"Krist အခုချိန်ထိ ရေချိုးခန်းထဲမှာလား။ ဘာလုပ်နေတာလဲ မင်းဝင်သွားတာ
ကြာနေပြီ မဟုတ်လား။ ""......"
"ငါတောင် ညစာဝယ်ပြီး ပြန်လာပြီနော်။ ငါသွားကတည်းက ဝင်သွားတာကို အဲ့လောက်အကြာကြီး ဘာလုပ်နေတာလဲ။
ရေတွေချိုးနေတာလား။ Kit ခေါ်နေတာ
ကြားလား ပြန်ဖြေဦး ဘာဖြစ်နေတာလဲ"ရေချိုးခန်းရှေ့တွင် တံခါးကိုအဆက်မပြတ်ခေါက်ရင်း အော်နေသော Sing
ကြောင့် သူပြုံးလိုက်မိသည်။ သူပြန်လာခါနီးလေးမှ မျက်နှာသစ်ရန် ဝင်လာသည်ကို မသိဘဲ ဘုမသိ ဘမသိနဲ့ အတင်း
အော်ခေါ်နေသော သူ့ကြောင့် စိတ်အနှောက်အယှက် မဖြစ်မိတာတော့ အမှန်ပင်။Kit......
သူစိတ်လှုပ်ရှားလွန်းသောအခါတိုင်း ကျွန်တော့်ကို ခေါ်တတ်သော နာမ်စားလေးတစ်ခု ။
ကာယကံရှင်ကတော့ သတိထားမိရဲ့လား မသိပေမဲ့ ကျွန်တော်ကတော့ သတိထားမိတယ်။ ပထမတစ်ခါခေါ်ခဲ့တာက ကျွန်တော် Car Accident ဖြစ်မလို ဖြစ်တုန်းက တစ်ခါ။ အခု တစ်ခါ ...။ ဒီနှစ်ခါ ကြားမှာ အချိန်တော်တော်လေး ကွာပေမဲ့ အသည်းထဲစွဲအောင်ကို မှတ်မိနေတော့လဲ
ခက်သား...။" Kit !! ခေါ်နေတာ ကြားလားလို့။ အထဲမှာ ဘာဖြစ်နေလဲ။ "
"ဘာမှမဖြစ်ဘူး...။ အခုထွက်လာခဲ့မယ် ခဏလေး"
အတွေးလွန်ပြီး သူခေါ်နေတာကို ပြန်မ
ဖြေမိသောကြောင့် နောက်တစ်ကြိမ်
ထပ်အော်လာလေသည်။ ဒီတစ်ခါမှ ပြန်မဖြေလျှင် တံခါးဖျက်ဝင်တော့ မတတ် စိုးရိမ်နေသော အသံဖြစ်နေတာကြောင့်
ခပ်မြန်မြန်ပင်ပြန်ဖြေပေးလိုက်ရသည်။"ဘာလုပ်နေတာလဲ အထဲမှာ ခေါ်မကြား အော်မကြားနဲ့ ဒီလောက်ခေါ်နေတာကို"
"ကြားတယ်...ထွက်လာမလို့ဘဲလေ မင်းကစွတ်အော်နေတာ ပွစိပွစိနဲ့ အဖိုးကြီးကျနေတာပဲ"
Sing အပြောကို နားမထောင်ဟန်ဖြင့် ပြန်ပြောရင်း စားပွဲရှိရာသို့ အရင်သွား
လိုက်သည်။"Ohh အဖိုးကြီးပဲဖြစ်ရသေး... သူ့ကိုနေမကောင်းလို့ ရေချိုးခန်းထဲလဲနေမှာ စိတ်ပူလို့ကို ကလန်ကဆန်နဲ့ "
