Part 4

563 53 0
                                    

"Nan က P'Singto ကိုဖွင့်ပြောလိုက်ပြီတဲ့ မနေ့က"

"ဘာ…တကယ်"

Rome တစ်ယောက်မျက်လုံးအပြူးသားနဲ့ အော်မေးလေသည်။Parang ခေါင်းညိမ့်ပြလိုက်သည်ကိုပင် မယုံနိုင်စွာဖြင့်

"တကယ်လား။ တကယ်ကြီး Nan က P'Singto ကိုဖွင့်ပြောလိုက်တာလား။ သူ့ဘက်ကစပြီးတော့လေ ချစ်တယ်လို့လေ…"

အံ့သြကြီးစွာဖြင့် အထပ်ထပ်အခါခါပြန်မေးမိသည်။ Nan P'Sing ကိုချစ်နေတယ်ဆိုတာ သိပေမဲ့ ဒီလောက်မြန်မြန်ဖွင့်ပြောမယ်လို့တော့ထင်မထားဘူးလေ။ ငါ့သူငယ်ချင်းလေး အတော်သွက်နေပါ့လား… P'Singကိုတော့ စတွေ့ကတည်းက ချစ်ရှာတာကိုး။  Nan အကြောင်းကိုသိသူပီပီ Rome တစ်ယောက်တွေးရင်းပြုံးနေမိတော့သည်။ ကံကောင်းပါစေ သူငယ်ချင်းလေးရေ…

"တကယ်လား…မင်းတို့နှစ်ယောက်ပြောနေတာ တကယ်ပဲလား။

ရုတ်တရပ် အနောက်ဘက်မှ ထွက်လာသော အသံကြောင့် Rome နှင့် Parang စကားပြောနေရာမှ ရပ်သွားပြီး စီနီယာများကို နှုတ်ဆက်လိုက်ကြသည်။

သို့သော် သူတို့နှုတ်ဆက်မှုကိုစိတ်မဝင်စားဘဲ စောနက အကြောင်းအရာကို ပိုစိတ်ဝင်စားဟန်ရှိနေသည်။

"အမှန်ပဲလားလို့ မေးနေတာဖြေဦးလေ"

Krist ပထမအမေးကို မဖြေဘဲ လာနှုတ်ဆက်နေသော ရှေ့ကနှစ်ယောက်ကို စိတ်ကမရှည်ချင်တော့။ ဒုတိယအကြိမ် ထပ်မံမေးခြင်းဖြင့် နှုတ်ဆက်ခြင်းကို တုံ့ပြန်လိုက်မိသည်။

"ဟုတ်ပါတယ် P' ။ မနေ့ကဖွင့်ပြောဖြစ်လိုက်တယ်လို့ Nan က ညီမကို ပြောပြလို့ အဲ့ဒါ…"

Parang ကပြောရခက်နေဟန်ဖြင့် အားလုံး၏ မျက်နှာကိုမကြည့်ဘဲ တွေတွေဝေဝေလေး ဖြေနေလေသည်။

"P'တို့ Nan ကိုပြန်ပြောမပြပါနဲ့နော်။ P'တို့သိနေတယ်ဆိုတာလေ။ သူရှက်နေမှာစိုးလို့ပါ မသိချင်ယောင်ဆောင်ထားပေးပါနော် P'တို့"

Parang ၏ အပြောကို သူပြန်ဖြေရန်မစဉ်းစားမိတော့ပါ။ သူသိချင်တာက တစ်ခုပဲရှိတော့သည်။ ကောင်မလေးဆီက ဖွင့်ပြောခံထားရတဲ့ popular man ကြီး ဘယ်မှာရှိနေတယ်ဆိုတာ……

Love = LoveDonde viven las historias. Descúbrelo ahora