Part 5

578 58 3
                                    

"အားလုံးပဲ မင်္ဂလာပါ ဆရာဒီနေ့အတန်းဝင်တာ နည်းနည်းနောက်ကျသွားတယ်။ မနေ့ကသင်ခန်းစာကျန်တာလေး ဆက်သင်ရအောင် စာအုပ်တွေထုတ်ထားကြတော့"

တစ်ကျောင်းလုံးမှာ အကြောက်ရဆုံး ဆရာဖြစ်နေလို့သာ ငြိမ်ပြီးစာသင်နေရတယ်။ စိတ်ထဲသိချင်တဲ့ကိစ္စရှိနေလျှင် ဘယ်လိုမှမနေနိုင်တဲ့ အကျင့်ကို ဘယ်လိုဖျောက်ရပါ့...

** ဆရာစာသင်ချိန်ပြီးရင်တော့ ငါသိချင်တာကိုမေးရမယ်။ Sing Nanအပေါ်ဘယ်လိုသဘောထားပါလိမ့် **

"Sing သား အတန်းပြီးရင် ဆရာနဲ့ခဏလိုက်ခဲ့ဦးနော်။ ကျောင်းမှာလုပ်မဲ့ပွဲအတွက် ခိုင်းစရာလေးတွေရှိသေးလို့"

"ဟုတ်ကဲ့ ဆရာ"

အတန်းချိန်ပြီးသည်နှင့် Sing လဲ သူငယ်ချင်းများကို ပြန်နှင့်ရန် ပြောပြီးသည်နှင့်တစ်ပြိုင်နက် ဆရာနောက်သို့လိုက်သွားလေသည်။

"Krist မင်းလဲငါတို့နဲ့အတူပြန်လိုက်မှာမလား"

တခြားသူများအားလုံး ပြန်ရန်ပြင်နေကြသော်လည်း လွယ်အိတ်လဲမသိမ်း ပြန်ရန်လဲမပြင်သေးသော Krist ကို Bright မေးလိုက်ခြင်းဖြစ်သည်။ သို့သော် အဖြေကတော့ ပေါ်မလာခဲ့...

"Krist ငါပြောတာကြားလား"

"ဟမ် ဘာပြောလိုက်တာလဲ"

"ငါတို့နဲ့ အတူ ပြန်လိုက်မှာမလားလို့"

"Krist နေကောင်းရဲ့လား မင်းကြည့်ရတာ တစ်မျိုးပဲ စိတ်နဲ့ လူနဲ့ကို ကပ်ပုံမပေါ်ဘူး"

စိတ်တစ်ခြား လူတစ်ခြား ဖြစ်နေပုံပေါ်သော Krist ကို New နှင့် Toota ပါ မနေနိုင်တော့ဘဲ စိတ်ပူစွာ မေးမိတော့သည်။ ဒါ Krist ပုံစံမှမဟုတ်ဘဲ...

"ငါမေးတာပြန်ဖြေဦးဟ ပြန်လိုက်မှာလားလို့"

Bright စိတ်မရှည်စွာ ထပ်မေးမှ ပြန်ဖြေရန်သတိရသွားသလို စဉ်းစားရင်းပြန်ဖြေလေတော့သည်။

"ငါ ပြန်မလိုက်တော့ဘူး။ သွားစရာလေးတစ်ခုရှိသေးလို့ "

Krist ပြောလိုက်သော်လည်း New နှင့် Toota က စိတ်မချသလို ပုံစံနှင့်ရပ်ကြည့်နေလေသေးသည်။

"မင်းတို့နှစ်ယောက်ကြည့်နေတာလဲ ငါ့ကိုရူးနေပြီဆိုတဲ့ဒီဇိုင်းနဲ့။ ငါဘာမှမဖြစ်ဘူး တကယ်။ နေလဲကောင်းတယ်။ မင်းတို့ဘာသာပြန်နှင့်လိုက်တော့ ငါ Sing ကိုစောင့်ပြီးမှတူတူပြန်တော့မယ်။ သူ့ကိုမေးစရာလေးလဲရှိသေးလို့"

Love = LoveDonde viven las historias. Descúbrelo ahora