" မင်္ဂလာပါ P' နိုးလာပြီလား။"
Sing အပေါ်ထပ်မှဆင်းလာစဉ် ထမင်းစားခန်းထဲမှထွက်လာသော Nan နှင့်
ဆုံခြင်းဖြစ်သည်။ အိပ်ရာမှ ထလာသောပုံစံနှင့်မို့ Nan မေးလိုက်မိခြင်းပင်။"Aww... Nan တစ်ယောက်တည်းလား။ ကျန်တဲ့သူတွေရော။"
"Nan ရေဆာလို့ ရေလာသောက်တာ"
လက်ထဲမှရေဗူးလေးကို မြှောက်ပြကာ
ပြောနေသော Nan ပုံစံက တက်ကြွကာ လှပလွန်းသည်။ Nan သည် အမှန်တကယ် လှပသော မိန်းကလေးဖြစ်သည်ဆိုတာကတော့ အားလုံး လက်ခံထားသော အမှန်တရားတစ်ခုပင်။တစ်အိမ်လုံး ဘာသံမှမကြားရသည်မှာ ထူးဆန်းနေသည်။ ဟိုကောင်တွေ မနိုးသေးတာများလား။ မျက်လုံးကိုဝေ့ကာ ဘယ်ပြန် ညာပြန် ကြည့်မိသည်။" P' တခြား P' တွေကိုရှာနေတာလား"
Sing လဲခေါင်းကိုသာ အသာ ညိမ့်ပြလိုက်မိသည်။
"ကျန်တဲ့သူတွေအကုန်လုံး ကမ်းခြေဘက်ကို သွားနှင့်ကြတယ်။ Nan နိုးလာတော့ မရှိကြတော့ဘူး။ Nan တို့လဲ အိပ်ပျော်သွားခဲ့တာ။"
"ဟုတ်တယ် အစ်ကိုလေး။ သူတို့နိုးလာတော့ ကမ်းခြေဘက်ကို သွားနှင့်ချင်တယ်ဆိုလို့ P'Tee လိုက်ပို့တယ်။"
"ဟုတ်ပြီ ဟုတ်ပြီ Tee ရောပြန်လာပြီလား။"
"မလာသေးဘူး အစ်ကိုလေး။ ဧည့်သည်တွေချည်းပဲဖြစ်နေမှာစိုးလို့ စောင့်ပေးနေတာထင်တယ်"
"ဟုတ်ပြီ ကျွန်တော်လိုက်သွားလိုက်မှာမို့လို့ P'Aye လဲလုပ်စရာရှိတာ လုပ်လေနော်"
"ဟုတ်ကဲ့ အစ်ကိုလေး"
အိမ်က အလုပ်သမားတွေအပေါ်တောင် ခွဲခြားမဆက်ဆံသော P' တို့စိတ်ဓါတ်ကလေးစားစရာ။ Nan P' ကိုသဘောကျမိတာ ဘယ်တော့မှ နောင်တရမိမှာမဟုတ်ဘူး။
" Nan ရော ကမ်းခြေ ဘက်သွားချင်ပြီလား။ ဒါမှမဟုတ် Krist နဲ့မှတူတူသွားမလား။"
Sing အမေးကို Nan ခပ်သွက်သွက်သာ
ပြန်ဖြေလေသည်။"Nan အရင်သွားနှင့်ချင်တယ် P' ။ Rome နဲ့ Parang ကလဲ ကမ်းခြေမှာဆိုတော့ သူတို့နဲ့ သွားကစားချင်လို့။ အဆင်ပြေတယ်မလားဟင် P' "
