လူငယ်..လူငယ်နဲ့ ရိုက်ချိုးနေကြတဲ့သူတွေတစ်ပုံကြီးပါ။လူငယ်တွေလည်းအသွေးနဲ့အသားနဲ့ပါ သံပတ်ပေးထားတဲ့စက်ရုပ်မှမဟုတ်ပဲ နာကျင်တတ်ကြပါတယ်။ဒါပေမဲ့ အဲ့ဒါကို လူငယ် တွေက လွဲလို့ မည်သူမျှမသိနိုင်ကြဘူး။တစ်ခေတ် တစ်ခေတ်က မတူညီကြဘူးလေ။လူငယ်ချင်းလည်းမတူညီကြဘူး။အခုလိုခေတ်မှာဖွံ့ဖြိုးနေတာမှန်ပါတယ်။သို့သော် အခွင့်အလမ်းတွေမရှိသ၍ တိုးတက်ရာလမ်းကိုရောက်မှာမဟုတ်ဘူး။ဒါလည်း လူငယ်တွေသိတယ်။ လူငယ်တွေဟာ ဘဝတက်လမ်းရှာတတ်ကြပါတယ်။အများစုက ဘဝလွတ်လမ်းရှာပြီး လောင်အိမ်တွင်းထဲချုပ်ငြိမ်းသွားကြတယ်။မနာလိုမှုတွေများလာကြတယ်။ဒါကကောင်းပါတယ်။သို့သော် မနာလိုမှုထက် သူများကိုနိုင်ချင်စိတ်ထားရင်ပိုကောင်းပါလိမ့်မယ်။ဒါပေမဲ့ ကိုယ့်ဘဝကိုပျက်အောင်မလုပ်ဖို့အရေးကြီးပါတယ်။အဓိကအချက်က လူများငါ့ကိုကြိုက်အောင်နေတာထက် လူများကိုမထိခိုက်အောင်နေခြင်းက အကောင်းဆုံးပါ။လောကမှာရှိသမျှ သင်္ခါရတွေမှန်းလည်းသိနေကြပေမဲ့ တစ်ခါတစ်ရံမဟုတ်တာမှာပျော်ငွေ့တတ်တယ်။ကျွန်မတို့လည်းအပါအဝင်ပါပဲ။ဒီနေ့ထက်မနက်ဖြန်ကိုပိုလှအောင်လုပ်လို့ရပေမဲ့ ဒီနေ့အတိုင်းပဲနေနေတတ်ကြတယ်။သူများနိုင်ငံကလူငယ်တွေကို အားကျကြတယ်။အင်း သူတို့ကအခွင့်အလမ်းတွေက သူတို့ကိုစောင့်နေကြတာကို။ဟော ကျွန်မတို့ကျတော့ ကိုယ်တိုင် မသိတဲ့အခွင့်အလမ်းကြီးကိုစောင့်နေရတာကို။သိသိသာသာကြီး ကွာခြားနေရော။တစ်ချို့လူကြီးတွေကသိပ်ကိုနားလည်ရခက်လာတယ်။သူတို့ကသူတို့ဖြစ်စေချင်တာပဲသိလာကြတယ်။လူငယ်တွေရဲ့ ခံစားချက်ကိုနားမလည်ပေးကြတော့ဘူး။လူငယ်တွေဘာလေးလုပ်လုပ်အကောင်းမမြင်ကြတော့ဘူး။ပိုက်ဆံရှာတဲ့လူငယ်ကျတော့လည်း မင်းကဒီလောက်ပဲလား။ငွေမရှာနိုင်တော့လည်း မင်းကသုံးစားမရဘူး။လူငယ်တွေရဲ့အနာဂတ်တွေဟာပိတ်လာကြတယ်။အင်း ငြိမ်ခံနေပါ အဲ့အထိမင်းဟာလူကောင်းပါ အာခံလိုက်မိရင် မင်းဟာ အဆိုဆုံးထဲကလူဆိုးတစ်ယောက်ဖြစ်သွားပါလိမ့်မယ်။လုပ်ကြည့်ပါ ကိုယ်ဖြစ်ချင်တာတွေကို မအောင်မြင်ရင်တောင် မင်းသင်ခန်းစာကတော့ရမှာပဲ။မင်းအားလုံးကိုသည်းခံပြီး ကြိုစားခြင်းက မင်း‌ဘဝရည်မှန်းချက်ရဲ့အောင်မြင်မှုတစ်ခုပါ။သူတို့ရဲ့စကားတွေမင်းနှလုံးသားနဲ့လိုက်ခံစားလိုက်ပါ။ဒါပေမဲ့ ဉာဏ်နဲ့ပဲဆုံးဖြတ်ချက်ချပါ။နောက်ပြီး သေခြင်းတရားကိုအကောင်းဆုံးရင်ဆိုင်နိုင်ဖို့အတွက်လည်း ကြိုးစားပါ🌻
  • JoinedJanuary 2, 2023


Last Message
vely_hsu vely_hsu Oct 14, 2023 04:16PM
ဝေး ဟူသော ကားလေးကိုဖတ်ရင် သီချင်ူကို အလွမ်းတေးပန်းချီနားထောင်ပြီးဖတ်တာ ပိုခံစားကောင်ူပါတယ်နော် အကြာကြီးပစ်ထားမိလို့လည်းတောင်းပန်ပါတယ် အချိန်ရရင် ဒီကားလေးကို TikTok မှာလည်းရေးမှာပါ ကောင်းမကောင်း ဝေဖန်...
View all Conversations

Stories by Kim ARMY Lin
ဆွေး(ဆြေး) by vely_hsu
ဆွေး(ဆြေး)
~ မောင့် နှလုံးသားလေး တို့ဆီမှာ ~ (Sway) #hsu
   ~မခူးထိုက်သော ရွှေကြာငယ်~(Ongoing) by vely_hsu
~မခူးထိုက်သော ရွှေကြာငယ်~(Ongoi...
"စိတ်ချလုံခြုံစေတဲ့ နားခိုရာလေးတစ်ခု ငါ့ကိုပေးပါ" #vely_hsu
💔 ဝေး 💔[Complete] by vely_hsu
💔 ဝေး 💔[Complete]
လျှောက်ခဲ့ဖူးတဲ့ မြေနီလမ်း ... တွေ့ခဲ့ဖူးကြတဲ့ ဟန်မြစ်ကြီး ပျော်ခဲ့ကြတဲ့ နန်ဆန်တာဝါ.... ချစ်မိခဲ့သော အကိုဆိုသ...