haruko176
စာရေးနေရင်း တစ်ခါတလေ ကိုယ့်ကိုယ်ကို သံသယဝင်မိတယ်။
ဒီဇာတ်လမ်းကို လူတွေကြိုက်ကြရဲ့လား... ဒီစာတွေကို ဖတ်ပေးနေကြသေးရဲ့လား...
ဒါပေမယ့် comment ထဲက အားပေးစကားလေးတွေကို ဖတ်မိတဲ့အခါ...
"စောင့်ဖတ်နေပါတယ်" "အရမ်းကြိုက်တယ်" "ဆက်ရေးပါနော်"
ဆိုတဲ့ စကားလေးတွေက ကျွန်မကို ထပ်ပြီး ရှေ့ဆက်ဖို့ အားအင်ပေးတယ်။
စာဖတ်သူတွေရဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် ဒီဇာတ်လမ်းလေးတွေ အသက်ရှင်နေတာပါ။
ကျေးဇူးတင်ပါတယ်... အမြဲတမ်း။