ToxicDaisy-2003

ကျွန်တော့်နှလုံးသားကို
          	တစ်စုံတစ်ယောက်ကများ
          	ခိုးယူသွားလေရော့သလား
          	အခုရက်ပိုင်း အချစ်နဲ့ပတ်သက်ရင်
          	ခံစားချက်တွေ မဲ့နေတယ်
          	တစ်စုံတစ်ယောက်ကို လွမ်းနေပေမယ့်
          	အ့လူအကြောင်း တွေးလိုက်တိုင်း
          	ရင်ဘတ်ထဲမှာ အောင့်သက်သက်နဲ့
          	တစ်စုံတစ်ခုက အ့လူအကြောင်း
          	မတွေးမိဖို့ ထိန်းချုပ်ထားခံရသလိုပဲ
          	မသိရင် ပြုစားခံနေရသလားလို့တောင်
          	အောက်မေ့ရတယ်
          	ကျေးဇူးပြုပြီး ကျွန်တော့်နှလုံးသားကို
          	ပြန်ရှာပေးကြပါလား
          	ဒါမှမဟုတ် အ့လူကိုပဲ 
          	ကျွန်တော့်ဆီ ပြန်လာပါတော့လို့ 
          	ပြောပေးကြပါလားဗျာ....
          	 #DaisyNge(ချစ်သောနှင်းဆီနီ)

ToxicDaisy-2003

ကျွန်တော့်နှလုံးသားကို
          တစ်စုံတစ်ယောက်ကများ
          ခိုးယူသွားလေရော့သလား
          အခုရက်ပိုင်း အချစ်နဲ့ပတ်သက်ရင်
          ခံစားချက်တွေ မဲ့နေတယ်
          တစ်စုံတစ်ယောက်ကို လွမ်းနေပေမယ့်
          အ့လူအကြောင်း တွေးလိုက်တိုင်း
          ရင်ဘတ်ထဲမှာ အောင့်သက်သက်နဲ့
          တစ်စုံတစ်ခုက အ့လူအကြောင်း
          မတွေးမိဖို့ ထိန်းချုပ်ထားခံရသလိုပဲ
          မသိရင် ပြုစားခံနေရသလားလို့တောင်
          အောက်မေ့ရတယ်
          ကျေးဇူးပြုပြီး ကျွန်တော့်နှလုံးသားကို
          ပြန်ရှာပေးကြပါလား
          ဒါမှမဟုတ် အ့လူကိုပဲ 
          ကျွန်တော့်ဆီ ပြန်လာပါတော့လို့ 
          ပြောပေးကြပါလားဗျာ....
           #DaisyNge(ချစ်သောနှင်းဆီနီ)

ToxicDaisy-2003

ဘဝကိုတစ်ယောက်ထဲ မတွေးခေါ် နဲ့ အချစ်နဲ့လွဲရင် ကမ္ဘာနဲ့လွဲမယ် ။
           #စိုင်းဝင်းမြင့်
          
          မင်းနဲ့လွဲပြီးကတည်းက တစ်ကမ္ဘာလုံးနဲ့ လွဲချော်လာခဲ့တာ အခုထိလည်း တစ်ယောက်တည်း ဖြစ်နေတုန်း ။
           #ဂန္ဓမာ

ToxicDaisy-2003

ကျွန်တော်လေ ဒီနေ့ အများကြီး စိတ်တိုပြီး ဝမ်းနည်းမိတယ်
          ဝမ်းနည်းမိတာက သခင်က ကျွန်တော် စိတ်ပူတာကို ဟန်ဆောင်တာလို့ မြင်တယ်
          ပြီးတော့ သခင့်ကိုယ်သခင် ဒုတိယလူလို့လဲ ပြောတယ်
          သခင်က ဒုတိယ လူ မဟုတ်ပါဘူး
          ကျွန်တော့်ရင်ထဲက ထာဝရလူပါ
          သခင် ဘာလို့ အ့လိုမျိုးတွေ တွေးမိနေလဲ မသိပေမယ့် သခင် ပြောသလိုမျိုးတော့ မဟုတ်ရပါဘူး ဗျာ
          စိတ်တိုမိတာက သခင် ယုံကြည်အောင် မနေနိုင်ခဲ့တဲ့ ကျွန်တော့်ကိုယ်ကျွန်တော်ပါ
          သခင်သိလား ကျုပ်ဘဝမှာလေ သေးသေးလေးကအစ နာကျင်မှာ အရမ်းကြောက်တာ
          ဒါပေမယ့် နှလုံးသား တစ်ခုလုံး စုတ်ပြတ်သတ်နေတာတောင် ခင်ဗျားကိုပဲ ချစ်ခဲ့တာ
          ဒါပေမယ့် သခင်က ကျုပ်အချစ်ကို အပေါစားမလို့ မယုံကြည်တာလားဟင်
          လွယ်လွယ်နဲ့ ရနေတော့ တအား မယုံကြည်ချင်စရာကောင်းနေတာများလားဟင်
          ကျွန်တော်လေ သေချင်မိတယ်
          အနည်းဆုံးတော့ သခင့်ကို ကျွန်တော် ချစ်တာ စိတ်ပူတာတွေကို အမှန်လို့ ထင်ပေးရင် ကျွန်တော် သေရကျိုးနပ်တာပေါ့ဗျာ
          လွမ်းတယ် သခင်
          သခင့်ရဲ့စကားလုံးတချို့ကြောင့် နာကျင်ရပေမယ့် သခင့်ကို ချစ်မိနေတုန်းပါပဲ....

ToxicDaisy-2003

လွမ်းတယ် သခင်
          အများကြီး အများကြီး လွမ်းနေတာ
          အဆင်မပြေဘူး သခင်ရယ်
          စိတ်တွေလည်း ပင်ပန်းတယ်
          အထူးသဖြင့် သခင်က အနားမှာ မရှိတော့ ပိုဆိုးတယ်
          ဒါပေမယ့် သခင့်ကိုလည်း စိတ်ပူမိပြန်ပါတယ်
          သခင်က ဘာကိုမှ မပြောပြတတ်တော့ သခင့်စိတ်ထဲ အဆင်မပြေဖြစ်နေလားဆိုတာ ကျွန်တော် မခန့်မှန်းတတ်ဘူးလေ
          ဖြစ်နိုင်ရင်တော့ သခင့်ကို ပျော်နေတာပဲ မြင်ချင်မိတာရယ်.......

ToxicDaisy-2003

ဒီလိုပါပဲ
          တစ်ယောက်တည်း အတွေးလွန်လိုက်
          ခံစားလိုက် ရူးသွပ်လိုက်ပေါ့
          ဒေစီတွေက ဒေစီတွေ မပီသခဲ့မိဘူး ခင်ဗျားရယ်
          ဒါပေမယ့် ခုချိန်ကစပြီး ဒေစီရဲ့ဘဝမမေ့အောင် ကြိုးစားကြည့်ပါ့မယ်လေ
          ဒေစီတွေလိုမျိုး ခင်ဗျားကို
          တိုးတိုးတိတ်တိတ်လေး သဘောကျမယ်
          တိုးတိုးတိတ်တိတ်လေး သဝန်တိုမယ်
          ဒါပေမယ့် ခင်ဗျား လိုအပ်ရင်တော့ အချိန်မရွေး ရှိနေပေးပါမယ်ဗျာ
          ခင်ဗျား မလိုအပ်ဘူးဆိုရင်လည်း အနှောင့်အယှက် မပေးမိအောင် ကြိုးစားပေးရမှာပေါ့လေ
          ဒါပေမယ့် ခင်ဗျားတစ်ယောက်ထဲကသာ ဒေစီတွေရဲ့ မူပိုင်ရှင် ဖြစ်နေဦးမှာပါ
          ဒေစီ့ရဲ့သခင် ကျေးဇူးပြုပြီး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေပေးပါ
          ဒေစီ့ဘဝမှာ အချစ်ဦးနဲ့ အချစ်ဆုံးက သခင်တစ်ယောက်တည်း ဆိုတာတော့ ယုံကြည်ပေးစေချင်ပါတယ်
          ချစ်တယ် သခင် ဒါပေမယ့် သခင် စိတ်အနှောင့်အယှက် ဖြစ်ရမှာစိုးလို့ မပြောတော့ပါဘူး
          သခင်ချစ်ရတဲ့သူနဲ့ အချိန်တွေကို ပျော်ရွှင်စွာ ကုန်ဆုံးနိုင်ပါစေ
          Be happy and always smile,my master♥✨
          

ToxicDaisy-2003

(Just my dreams)
          
          ခင်ဗျားသာ ခွင့်ပြုမယ်ဆိုရင်
          
          ခင်ဗျားဘေးနား တစ်ခဏတာ 
          ပျဲဝံခွင့်ရတဲ့ လိပ်ပြာလေးတစ်ကောင်
          ဖြစ်ခွင့်ရမယ်ဆိုရင်လည်း ဖြစ်ချင်မိပါတယ်
          
          ခင်ဗျား တစ်ရက်တာ ပန်ဆင်မယ့်
          နှင်းဆီနီနီတစ်ပွင့်လည်း ဖြစ်ချင်ပါတယ်
          
          နွေနဲ့မိုးမှာ ခင်ဗျားကို အရိပ်ပေးနိုင်မယ့်
          ခရမ်းရောင် ထီးလေးတစ်လက်လည်း 
          ဖြစ်လိုပါတယ်
          
          နောက်ဆုံး ခင်ဗျား တစ်သက်တာ
          ခိုနားလို့ရမယ့် အိမ်ကလေးတစ်လုံးလည်း ဖြစ်ချင်မိပါတယ်......။
           #DaisyNge(ချစ်သောနှင်းဆီနီ)

ToxicDaisy-2003

ဒီကနေ့လည်း ခင်ဗျားကို အများကြီး လွမ်းနေမိပြန်ပါတယ်ဗျာ
          ကျွန်တော့်မသိစိတ်ကလေ ခင်ဗျားက ကျွန်တော်နဲ့ စကားမပြောချင်လို့ တမင်ရှောင်နေတယ်လို့ ထင်နေမိတယ်
          ကျွန်တော် သက်သက် အတွေးများနေမိတာမလားဟင်
          ခင်ဗျားက ကျွန်တော့်ကို ဘာကိစ္စကြောင့် ရှောင်နေရမှာလဲ ဟုတ်တယ်မလား
          ခင်ဗျား မအားလို့မလားဟင်
          ကျွန်တော် ရင်တွေအရမ်းပူတာပဲ ခင်ဗျားရယ်
          ခင်ဗျား နဲ့ စကားကောင်းကောင်း မပြောရတဲ့နေ့တွေက များပဲများလာတယ်
          ကျွန်တော် ခင်ဗျားကို တကယ့်ကိုမှ အများကြီး သိပ်လွမ်းနေမိတော့တာပဲ ကိုကိုရယ်
          ဟိုမိန်းကလေးနဲ့ကျတော့ စကားတွေ ပြောဖြစ်နေလောက်မလားဟင်
          ဟင့် အ့လိုတွေးလိုက်မိတိုင်း သိပ်ဝမ်းနည်းတာပဲ
          ကိုကိုက ကျွန်တော့်ကို ပစ်ထားတယ်
          ကျွန်တော်တို့က စိတ်ဆိုးစိတ်ကောက်လို့ရတဲ့ ဆက်ဆံရေးမျိုး မဟုတ်ပေမယ့် ဒီနေရာမှာက ဘယ်သူမှ သတိမထားမိလောက်ဘူးဆိုတော့ ကျွန်တော် ပြောချင်တာတွေ ပြောပါရစေ
          ကိုကိုက ကျွန်တော့်ကို လျစ်လျူရှုတယ်ဗျာ
          ကျွန်တော် လွမ်းရတာ အများကြီး ပင်ပန်းတယ် အတွေးပေါင်းစုံဝင်လာတာတွေရောပဲ
          ကြီးကြီးမားမား အလုပ်တစ်ခုမဟုတ်ပေမယ့် ရင်မောရတာ များလှပြီ ကိုကိုရဲ့
          ကျွန်တော်လေ ခင်ဗျားကြီးကို အရမ်းသတိရမိတယ်ဗျာ...<_>

ToxicDaisy-2003

အရမ်းသတိရတာပဲ ခင်ဗျားရယ်
          နောက်ပြီး ခင်ဗျားလေးကို စိတ်ပူတယ်
          ရာသီဥတုက ဆိုးတော့ ခင်ဗျားလေး ကျန်းမာရေး တစ်ခုခု ထိခိုက်မှာ စိုးရိမ်မိတယ်
          သတိထားမိမလားတော့ မသိဘူး
          ခင်ဗျားနဲ့ ကျွန်တော် စကားသေသေချာချာ မပြောရတဲ့ရက်တွေက များနေပြီ ဆိုတာကိုပေါ့
          ခင်ဗျား မအားတာပဲလား တမင်ရှောင်ဖယ်နေတာလား မသိပေမယ့် ကျွန်တော် ဝမ်းနည်းမိတယ်
          နောက်ပြီး မနက်ကအိမ်မက်ကြီးကိုလဲ မုန်းတယ်
          ခင်ဗျားက ကျွန်တော့်ကို လျစ်လျူရှုပြီး တခြားမိန်းမနဲ့ စကားတွေပြောနေတာတဲ့
          နောက်ပြီး ခင်ဗျားက အ့မိန်းကလေးကို ငယ် ဆိုတဲ့နာမ်စားလေး ပြန်ခေါ်တာကို မြင်လိုက်ရတော့ အိမ်မက်ထဲမှာတောင် ကြေကွဲမတတ် ငိုနေမိတယ်
          နိုးလာလို့ အိမ်မက်မှန်း သိတာတောင်မှ မျက်ရည် ကျမိတုန်းပဲ
          အ့လိုသာ အပြင်မှာ တကယ် ဖြစ်လာခဲ့ရင် ကျွန်တော် ဘယ်လိုဖြစ်သွားလောက်မလဲဆိုတာ သေချာမသိဘူး
          ဒီရက်ပိုင်း ကျွန်တော့်စိတ်တွေက အဆင်မပြေဘူး ခင်ဗျားရယ်
          ဒါပေမယ့် ခင်ဗျားကို အနှောင့်အယှက် ပေးမိမှာလဲ စိုးတယ်
          ဒီဘဝကြီးက ကျွန်တော့်အတွက် ပျော်ဖို့ မကောင်းဘူး မာရီယာရယ်
          ကျုပ်လေ ရူးတော့မယ် ထင်ပါတယ်ဗျာ.........

ToxicDaisy-2003

ရင်ထဲမှာ နေလို့မကောင်းဘူး ခင်ဗျားရယ်
          တစ်ခုခုဆို အတွေးလွန်နေတတ်တဲ့ ကျုပ်ကိုယ်ကျုပ် သိပ်မုန်းတာပဲ