TintyadanarHtun

TintyadanarHtun

တခါတလေဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိ
          ဘာဖြစ်ချင်လို့ဖြစ်ချင်နေမှန်းကိုမသိတာ
          တကယ်ဆိုးတဲ့ဝေဒနာ

TintyadanarHtun

 အပေးအယူ
          
          တချို့လူတွေကကိုကအသည်းနှလုံးတွေပေါက်ကွဲမတတ်ခံစားပြပြီး ပြောပြနေရင်တောင် အသိအမှတ်ပြုချင်မှပြုပါလိမ့်မယ်။
          ကိုယ့်ရဲ့ခံစားချက်တွေအားလုံးကို မသိကျေးကျွန်ပြု လျစ်လျူရှုချင်လည်းရှုနေပါလိမ့်မယ်။ သူတို့ရဲ့စကားလေးတစ်ခွန်းကြောင့် အသည်းခိုက်အောင် နာကျင်မိတဲ့အခါလည်း ရှိပါလိမ့်မယ်။
          ကိုယ့်အပေါ် နားလည်တဲ့သူတွေကျပြန်တော့ ကိုယ်ကတစ်ခွန်းမှ ဖွင့်ဟတောင်းဆိုနေစရာမလိုဘဲ ကိုယ့်အပေါ် လိုက်လံဖြည့်ဆည်းချင် ဖြည့်ဆည်းပေးနေပါလိမ့်မယ်။ဒီလိုလူမျိုးတွေအပေါ်မှာတော့ ကိုယ်ကိုယ်တိုင်လက်မခံနိုင်လောက်တဲ့ တုံ့ပြန်မှုတွေနဲ့ပြန်လည်ဆက်ဆံမိတတ်ကြပါတယ်။
          တစ်ချိန်ကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရတဲ့အခါ ကိုယ်ချင်းစာသွားတတ်ကြပြီး ကိုယ့်အပေါ်သူတို့ရဲ့စကားတစ်ခွန်းကြောင့် အသည်းခိုက်အောင် နာကျင်မိတဲ့အခါလည်းရှိကြပါလိမ့်မယ်။
           
           #crd မာရင်ရင် မနုဿရဲ့စာမျက်နှာလေးများ #ကြိုက်လို့တင်တာပါမည့်သူ့မှမရည်ရွယ်ပါ