မျက်ရည်လွယ်တယ်ဆိုတာ တကယ်တော့
ပျော့ညံ့လို့မဟုတ်ပါဘူး နှလုံးသားနုလို့ပါ
ဝမ်းနည်းစရာအဖြစ်အပျက်တွေကြုံတွေ့လာရတဲ့အခါ
စိတ်ရှုပ်စရာ အတွေးတွေဝင်လာတဲ့အခါ
Drama ကားတွေထဲက ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေ ကြည့်ရတဲ့အခါ.....
စကားပြောရင်းနဲ့ ဒေါသထွက်စရာတွေကြုံလာရတဲ့အခါ
မျက်ရည်ဟာ Auto ကျလာတာပါပဲ
မျက်ရည်လွယ်တဲ့သူတွေဟာ
သူတစ်ပါးကို သနားတတ်သလို ကိုယ်ချင်းလဲစာတတ်သေးပါတယ်
မိမိဘာသာ အတွေးလွန်နေတတ်သူတွေလည်းဖြစ်ပါတယ်
ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်လေးထဲမှာ
''မျက်ရည်ဆိုတာ နှလုံးသားကလာတဲ့ သွေးကနေ အရောင်ပြောင်းသွားတာပါ'' တဲ့
မျက်ရည်လွယ်တဲ့လူတွေဟာ မပျော့ညံ့ပေမဲ့
အမြဲတမ်း ကိုယ့်ဘာသာ အတွေးလွန်ပြီး အထီးကျန်မှုကိုခံစားနေရတဲ့ သူလေးတွေလည်း ဖြစ်ပါတယ်
တနည်းအားဖြင့်ပြောရရင် မျက်ရည်လွယ်တာဟာ ခံစားတတ်တဲ့ နှလုံးသားနုလို့ပါပဲ😥
Crd
- JoinedMarch 1, 2023
Sign up to join the largest storytelling community
or