Arthor_Xiang

အစကနေ 53 ထိကို update မလုပ်ပေးတော့ဘူးလားဟင်။ 53 ထိ မဖတ်ရသေးတော့ ခွဲထားတဲ့ book  2 ကို ခုထိမဖတ်ရသေးဘူး wu wu wu

Shen-Katsu

@Arthor_Xiang လောလောဆယ်တော့ ကိုယ့်ရဲ့ Profileပေါ်က Aboutမှာ တင်ပေးထားတဲ့ Linkကနေ ဖတ်လို့ရပါတယ်။ မနေ့ကတင် ရှေ့က တင်ထားတဲ့ အပိုင်းအနည်းအကျဉ်းလေးပါ ထပ်ပြန်ပျက်သွားလို့ ဒီမှာ ပြန်တင်ဖြစ်ဖို့က ကြာဦးမှာမို့ပါ။ 
Reply

pwintphyu448

ဆေးမှတ်တမ်းချုပ်က ရှေ့ပိုင်းလေးတွေရော တင်ဖို့ရှိသေးလားဟင်

Shen-Katsu

@pwintphyu448 ရှိပါတယ်၊ ဒါပေမဲ့ ခုတလောတော့ အချိန်သိပ်မရသေးလို့ရယ် >.< 
Reply

Shen-Katsu

@flitiii စာဖတ်သူလေး ပြောတာကလည်း မှန်တဲ့ထဲမှာ ပါပါတယ်။ ဒါပေမဲ့ ကိုယ့်ဘက်ကလည်း နည်းနည်းလေး ရှင်းပြချင်တာ ရှိပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရှင်းပြရတာက ကိုယ့်အတွက် ပထမဆုံး အကြိမ်လည်း မဟုတ်တော့တာမို့ ပြည့်ပြည့်စုံစုံလေး ရှင်းပြချင်တာကြောင့် စာရှည်နိုင်ပါတယ်။
          
          အရင်ဆုံး ကိုယ်က pinyinကို pinyinချည်းသတ်သတ်နဲ့တင် မဟုတ်ဘဲ IPAနဲ့ပါ တွဲပြီး လေ့လာထားဖြစ်တာရယ်၊ ပိုပြီး တိတိကျကျလေးလည်း မြင်လွယ်သွားအောင်လို့ပါ နောက်ဆက်တွဲ စာတွေထဲမှာ IPAနဲ့ တွဲပြီး ယှဉ်ပြသွားချင်ပါတယ်။ 
          
          Pinyinက ‘e’ ဆိုတဲ့ သရကို ‘အယ်’( /ɛ/)လို့ တိတိပပ အသံထွက်တာ monophthong ထဲမှာ ‘ye’ တစ်ခုပဲ ရှိပါတယ်၊ IPAနဲ့ ဆိုရင် /jɛ/ ပါ။ ကျန်တာတွေကတော့ အဲ့ နဲ့ အော့ ကြားက အသံဖြစ်တဲ့ IPAအရ /ɤ/နဲ့ပဲ ထွက်ပါတယ်။ 贺予ရဲ့ 贺ကလည်း IPA အရ ဆိုရင် /hɤ/ ပါ။ ကိုယ်အပေါ်က ပြောထားသလိုပါပဲ /ɤ/က ကြားသံ ဖြစ်တာကြောင့် တကယ်လည်း 贺က ဟယ့်ဘက် တိမ်းတဲ့ထဲမှာလည်း ပါပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ ‘ဟယ့်’ထက် ‘ဟော့’ဘက် ပိုတိမ်းတယ် ဆိုတဲ့ဘက်ခြမ်းကလို့ ဆိုရပါမယ်။ ဟော့လို့ ဖတ်ရတာကို ပိုသဘောကျပြီး၊ ရေးတာ ခေါက်ရိုးကျိုးနေလို့လည်း ပါပါတယ်။ အဲ့ဒါကြောင့်မို့ 贺予ရဲ့ 贺ကို ဟော့လို့ ရေးရင် controversy ဖြစ်မယ်မှန်း သိသိရက်နဲ့ တမင် ဟော့လို့ ရေးခဲ့တာပါ။ 
          
          ကိုယ် နောက်ပိုင်းမှာလည်း ဒါကို အချိန်ကျလာရင် resourceလေးတွေ သေသေချာချာ ထည့်ပြီး ရှင်းပြဖို့ ပြင်ဆင်ထားပြီးသားပါ။ အကယ်၍ အဲ့ resource တွေကို ကြိုနားထောင်ကြည့်ချင်တယ်၊ ဖတ်ကြည့်ချင်တယ် ဆိုရင်တော့ privateကနေ ပို့ပေးလို့ရမဲ့ နေရာကို ချန်ထားခဲ့လို့ ရပါတယ်။ 
          
          ပြီးတော့ ဒါက တော်တော်များများကို မတင်မကျ ဖြစ်စေမယ်မှန်း သိပေမဲ့ ကိုယ် 《病案本》ကို ပြန်ဖြစ်တာက ကိုယ့်အတွက်ကိုယ် ဖြည့်ဆည်းပေးချင်တဲ့ ဆန္ဒမို့၊ ကိုယ်ကိုယ့်ကိုယ်ပဲ ပိုပြီး ဦးစားပေးချင်တဲ့ ကိုယ့်ရဲ့ တစ်ကိုယ်ကောင်းစိတ်ကလေးကိုလည်း နားလည်ပေးစေချင်ပါတယ်။
          
          အခုလို အပြုသဘောနဲ့ ထောက်ပြပေးတာလည်း ကျေးဇူးတင်ပါတယ်ရှင် (⁠◍⁠•⁠ᴗ⁠•⁠◍⁠)

Shen-Katsu

@U_______I နှစ်ပိုင်းပေါင်း Upဖို့ လုပ်နေလို့ နည်းနည်းလေး စောင့်ပေးဦးနော်၊ ဒုတိယတစ်ပိုင်းက ပုံမှန်ရဲ့ သုံးပိုင်းစာနီးနီး ဖြစ်နေလို့ (⁠・⁠–⁠・⁠;⁠)⁠ゞ

Rei_Er

အစက ပြန်တင်ပေးဖို့တောင်းဆိုပါတယ်နော်

Shen-Katsu

@Rei_Er Profileမှာ မပေါ်သေးပေမဲ့ ကိုယ် ခုနလေးကတင် အပိုင်းနည်းနည်း ပြန်တင်ပေးထားပါတယ်၊ မနက်ဖြန်လောက်မှ ထပ်ဝင်ကြည့်ကြည့်လိုက်ပါနော် 
Reply

Rei_Er

@Shen-Katsu ကျေးဇူးပါ
Reply

Shen-Katsu

@Rei_Er အရှေ့အပိုင်းတွေကတော့ ဖြည်းဖြည်းချင်း တင်သွားပါ့မယ် 
Reply