Only_SH

အချိန်တွေကြာလာရင် အခုလိုမျိုး ဆယ်ဟွန်းကို တယုတယချစ်ပါတယ် ဆိုတာမျိုး မကြာခဏပြောဖြစ်တော့မှာမဟုတ်ဘူး ! 
          	တစ်ခါတစ်လေ ဆယ်ဟွန်းကို သတိမရတဲ့အချိန်တွေဆိုတာလည်းရှိလာမှာ ! 
          	တစ်ချိန်ချိန်မှာ ကိုယ့်ဘဝထဲ နောက်ထပ် ချစ်ရမယ့် သူစိမ်းတစ်ယောက်လည်းရောက်လာနိုင်တာပဲမလား . 
          	ဆယ်ဟွန်းကို အခုလိုမျိုး လွတ်လွတ်လပ်လပ် ချစ်ခွင့်ရတဲ့အချိန်က အလှပဆုံးပဲ . မက်မောစရာအကောင်းဆုံး အခိုက်အတန့်တစ်ခု ! 
          	ဆယ်ဟွန်းက ကိုယ့်အတွက် အင်အားတစ်ခုလည်းဖြစ်သလို ပျော်ရွှင်မှုဆိုလည်း ဟုတ်တာပဲ . တစ်ခါတစ်လေတော့လည်း နာကျင်စရာကောင်းပြီး မျက်ရည်တွေ ဝမ်းနည်းမှုတွေပြည့်နှက်နေတာပေါ့ . 
          	ကိုယ့်ရဲ့ ဆယ်ကျော်သက်အချစ်က လှပခဲ့ရပါတယ် ဆယ်ဟွန်းရေ . . . ဘဝမှာ တန်ဖိုးအထားရဆုံး ချစ်ခြင်းတရားလေးတစ်ခုပဲပေါ့ . 
          	"ဘယ်လိုချစ်တာလဲ" ဆိုတဲ့မေးခွန်းအတွက် တိကျတဲ့အဖြေကိုယ့်မှာ မရှိဘူး . 
          	အတ္တတွေကင်းပါတယ် ၊ ဖြူစင်ပါတယ်ဆိုပြီးလည်း မလိမ်ချင်ပါဘူး ... 
          	အဆုံးအဆမဲ့ချစ်တယ် . ခေါင်းစဉ်တပ်မရတဲ့ချစ်ခြင်းမျိုးနဲ့လည်း ချစ်ရပါတယ် . 
          	ဘဝမှာ ဒီလူသားတစ်ယောက်ထဲကိုသာ ဒီလိုအချစ်မျိုးနဲ့ ချစ်တယ် ဆိုတာအသေအချာပဲ ! နောက်ထပ် ဘယ်သူ့ကိုမှ 
          	ဘယ်သူစိမ်းတစ်ယောက်ကိုမှ အခုလို အချစ်မျိုးနဲ့ မချစ်နိုင်လောက်တော့ဘူး . 
          	ချစ်တယ် ဆယ်ဟွန်း . . . အရမ်း အရမ်းကို ချစ်ရပါတယ် 
          	ကိုယ့်ရဲ့ကောင်လေးရေ . . . 
          	
နေရတာ မပျော်လိုက်တာ . 
          ဘာဖြစ်နေမှန်းမသိ ၊ ဘာဖြစ်ချင်မှန်းမသိ နဲ့ ~~~
          ဘာမှန်းကို မသိတော့ဘူး ! 
          ရူးနေတာလားပဲ ! !

Only_SH

ဆယ်ဟွန်းက အကောင်းဆုံးကြိုးစားထားခဲ့တဲ့ Album ကို အများကြီးမဝယ်ပေးနိုင်ခဲ့ဘူး ! 
          တောင်းပန်ပါတယ် ။ အရမ်းလည်းအားနာမိတယ် ။ 
          တကယ်ကို အများကြီးဝယ်ပြီး support ပေးချင်ပေမဲ့ အဆင်မပြေဖြစ်သွားခဲ့တယ် ။ 
          ဆယ်ဟွန်းအတွက် ပထမဆုံး Subunit album လေးမို့လို့ မဝယ်ပဲတော့ မနေပါဘူးနော် ။ နည်းနည်းလေးပဲဖြစ်ဖြစ် 
          အကူအညီဖြစ်ပေးနိုင်မယ်ထင်ပါတယ် ။ 
          ဆယ်ဟွန်းရေ . . . အများကြီးအောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ် ။ 
          လူအများကြီးက ချစ်ပေးကြပါစေနော် ။ 
          ကြိုးစားအားထုတ်မှုတွေအတွက် လူအများကြီးဆီက အသိအမှတ်ပြုခံရပါစေ ။ 
          ချန်းယောလ် ကိုလည်း အမြဲတမ်းအတွက် ကျေးဇူးတင်ပါတယ် ။ 
          July 22 ကို အမြန်ရောက်ချင်နေပြီ ။
          
Only_SH

ကိုယ့်ကလေးလေးက ရင့်ကျက်လာလိုက်တာ ..... 
          အချိန်တွေကုန်တာ အရမ်းမြန်လွန်းတယ် Bae ရေ .....

Hot_Tofu1

Reading list name ​လေးကို ​ကြွေမိ ❤❤

Hot_Tofu1

@Shiyuun42 ရပါတယ်​ဗျာ...
Reply

Only_SH

@Shiyuun42 မသိဘူးလေ . . . ဟီး  ဟီး 
            အေးပေါ့ ~~ ဟုတ်တာပေါ့ ! လက်ထပ်သွားပါပြီ ဆိုမှ ဘာကိုဆက်ရေးပေးရမှာတုန်း ㅎ ㅎ 
            ဆောရီးနော် •ㅅ•  one short လို့မထင်လိုက်လို့ 
            တကယ့်ကို ဆောရီးနော် ♡♡♡
Reply

Hot_Tofu1

@Shiyuun42 အယ်​...အဲ့ဒါ က one short ​​လေ ​ခေးရဲ့
            ဆက်​မ​ရေး​တော့ဘူး 
Reply