HsuChiKo365

ရှင်းပြသွားတာတွေ သဘောကျလိုက်တာ။
          ဖြစ်နိုင်ရင် ကိုယ်သိတဲ့ အကြောင်းအရာတွေကို
          ဝေဖန်ဖို့ ဆွေးနွေးတဲ့ သဘောလေးတွေပြောပြ
          ပြီး စာဖတ်သူအမြင်ကိုလည်း နားထောင်ကြည့်
          ချင်သလို 
          ဒီက စာဖတ်သူ သိနေတဲ့ အကြောင်းအရာတွေကို
          ကိုယ် နားထောင် လေ့လာချင်မိပါတယ်။
          ကိုယ်အများကြီးမသိသေးတော့ လေ့လာစရာတွေ
          လည်း တအားများတယ်ရယ်

JJCCJC

မင်္ဂလာပါမဆုရေ
            ဘယ်ကစပြောရမလဲအရင်ဆုံးတောင်းပန်ရမှာပဲ။ အားလည်းအရမ်းနာပါတယ်။
            မဆုပို့တဲ့စာကိုအခုမှတွေ့မိလို့ပါ။ တကယ်ကကိုယ်က Wattpad ကိုအသိအစ်မတစ်ယောက်ပြောလို့စဖတ်ဖြစ်တာ။ ဒါပေမယ့် စာဖတ်တာပဲသုံးဖြစ်ပြီးအမြဲလည်းမဟုတ်တော့ Apps ရဲ့သဘောတရားတွေ function တွေတောင်အကုန်မသိဘူးရယ်။ Conversation မှာဒီလိုပို့လို့ပြောလို့ရတာလည်းမသိခဲ့ဘူးရယ်။ 
            အဲဒါနဲ့အားနာစရာတွေဖြစ်ရပြီ။ 
            မဆုရဲ့စာတွေကိုကိုယ်တကယ်သဘောကျပါတယ်။ Contemporary ရေးတဲ့ထဲမှာမှ ဇာတ်အိမ်ခိုင်တယ်  ဇာတ်ကိုလည်းနိုင်တယ် ပြီးတော့သဘာဝကျတယ် အကြိုက်ဆုံးကတော့ လုံးဝမခိုမကပ်တဲ့အားထုတ်မှု နဲ့စေတနာပါ။ ဆန်းသစ်တဲ့အတွေးအခေါ်ရှုထောင့်တွေကိုထိတွေ့ခွင့်ရတဲ့အတွက်လည်းမဆုနဲ့သိရတာတကယ်ဝမ်းသာရပါတယ်။
            ကိုယ်က Medical field ထဲကဖြစ်ပါတယ်။ ပြီးတော့ philosophy, history, culture , politics, music နဲ့ပတ်သက်ပြီးဆွေးနွေးရတာသဘောကျပါတယ်။  ဒါပေမယ့်ဝါသနာရှင်အဆင့်ပါ။ 
            မဆုစာတွေအတွက်တစ်နေရာရာကနေတစ်စုံတစ်ခုကိုယ်အကူအညီပေးနိုင်တာများရှိခဲ့ရင်ကိုယ့်ကိုပြောလို့ရပါတယ်။ 
            နှစ်နှစ်ကျော်မှ Reply ပြန်ဖြစ်တဲ့အတွက်လည်းနားလည်ပေးပါမဆုရေ။ ❤️
Reply