Hundeer_sumyat
Hundeer_sumyat
Sawadee khaaa ~  အချိန်တွေ အရမ်းကြာပြီးမှ MewGulf Fic လေးနဲ့အတူပြန်လာခဲ့ပါပြီ ။ ထိုင်းလောကထဲ ရောက်နေတာလည်း ကြာသင့်သလောက်ကြာခဲ့ပြီဆိုတော့ ကိုယ်သဘောကျတဲ့ OTP လေးတွေအတွက် Fic လေးတွေ ရေးချင်လို့ပါ ။ ဒီ Acc မှာ Reader တွေ အများကြီးရှိ နေတာနဲ့ ဒီမှာဘဲ ဆကိရေးဖို့ဖြစ်သွားပါတယိ ။
          လောလောဆယ်တော့ MG ကို Feel လာနေလို့ပါ ။ (တကယ်တမ်း Ultimate Couple ကတော့ PerthSaint ပါနော်) တခြား ရေးစေချင်တဲ့ Couple ရှိရင်လည်း Recommend လုပ်လို့ရပါတယ် ။ Recommend လုပ်တာများတဲ့ Couple အတွက် လိုက်ဖက်မဲ့ ပုံစံလေးတွေ စဉ်းစားပြီး ရေးပေးပါ့မယ် ။ 
          Zawgyi နဲ့ဖတ်တဲ့လူရှိလားမသိလို့လောလောဆယ် Unicode နဲ့ပဲတင်ပေးထားပါတယ် ။ Zawgyi နဲ့ဖတ်ချင်ရင် ပြောပေးပါနော် ။ နောက်ပိုင်း Zawgyi နဲ့ပါ တွဲတင်ပေးပါမယ် ။ 
May_Hun94
@Hundeer_sumyat BrightWin yayy pay pr lrr
Reply
Hun12Han20
ဒီနေ့ Ar-tရဲ့ Silent သီချင်း MVကိုကြည့်လိုက်တာ Su Myat ရဲ့ Play boyကိုအရမ်းသတိရမိတယ် မရေးတော့ဘူး မshipတော့ဘူးအဲ့ဒီခံစားချက်ကိုနားလည်ပါတယ် ဒါပေမဲ့ စောင့်မျော်မိတယ် အမကတော့အမှန်တိုင်းပြောရရင် အခုထိ shipသေးတယ် ဒါကြောင့် ဒီficကိုမျော်လင့်မိပါတယ် 
Hundeer_sumyat
ဒီ Acc ကို Active မဖြစ်တော့ဘူးလို့ ပြောထားပေမဲ့ ဒီ Account ထဲမှာ ဟိုးအရင် Acc စဖွင့်ကတည်းက အားပေးလာတဲ့ Reader Nim တွေလဲ ရှိနေတော့ ကိုယ့်ရဲ့ ပထမဦးဆုံးသော BL OC Fiction လေးကို ဒီ Acc နဲ့ပဲ ဆက်ရေးဖြစ်လိုက်ပါတယ် ။ အားပေးကြပါဦးလို့ ❤️
          ပထမတော့ မြန်မာနံမည်တွေပေးပြီး မြန်မာဆန်ဆန်လေးရေးမလို့ပါပဲ ။ ဒါပေမဲ့ စာစရေးကတည်းက Fan Fiction ပုံစံမျိုးပဲရေးပြီး အဲ့ဒီ့လိုမျိုးတွေပဲတောက်လျောက်ရေးဖြစ်ခဲ့တာကတစ်ကြောင်း ၊ Korea တောထဲက ရုန်းမထွက်နိုင်သေးတာက တစ်ကြောင်းနဲ့ မြန်မာ နောက်ခံ မြန်မာ Culture မြန်မာ Background နဲ့ ဘယ်လိုမှ စာရေးလို့မရမှန်းသိခဲ့ရတယ် ။ ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါဘူးပေါ့ 
          အဲ့ဒါကြောင့် OC ကိုမှ Korea နောက်ခံ Korea Background နဲ့ရေးဖြစ်ခဲ့ပါတယ် ။ နံမည်တွေကိုတော့ Korea ပုံစံကွက်တိကြီးသွားတာမျိုးမဟုတ်ဘဲ ချစ်စရာကောင်းအောင် တစ်လုံးစီပဲပေးထားတယ် ။ ပြီးတော့ အရမ်းအရမ်း ရေးချင်ခဲ့တဲ့ Seke, Ume ဆိုတဲ့ ပုံစံမျိုးရောက်အောင် ပထမဆုံးအနေနဲ့ ကြိုးစားပြီး ရေးသွားမှာဖြစ်ပါတယ် ။ 
          ဇာတ်ကောင်တွေရော ဇာတ်အိမ်ရောက အရမ်းထူးခြားနေတာမျိုးကြီးမရှိပေမဲ့ ရေးနေကျ Romance, Drama ပုံစံကိုမှ ဖတ်လို့ကောင်းအောင် ရင်ခုန်စရာကောင်းအောင် ကြိုးစားပြီးရေးထားပါတယ် ။ 
          ကိုယ်ရေးတာကို ဖတ်ချင်သေးတယ်ဆိုတဲ့သူလေးတွေ အားပေးလို့ရပါတယ်လို့ ❤️ Title ကို "တရှိုက်မက်မက် မနက်ဖြန်" လို့ပေးထားပါတယ် ။ နောက်ပိုင်းမှာ Title နဲ့ ဆက်စပ်ပြသွားမှာပါ ။ နောက်ပိုင်းရောက်လေ ပိုပြီးစိတ်ဝင်စားဖို့ကောင်းလေဖြစ်အောင် ဇာတ်လမ်းကို စလာတာနဲ့ ဖြည်ချပြတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်းပဲ အေးအေးဆေးဆေး တစ်ခုပြီးတစ်ခုရှင်းပြတဲ့ပုံစံမျိုးနဲ့ ရေးထားပါတယ် ။ ဇာတ်ကောင်တွေနဲ့လဲ စစချင်းမရင်းနှီးသေးပေမဲ့ နောက်ပိုင်းရောက်လေ ပိုပြီးချစ်စရာကောင်းလေ ဖြစ်လာအောင် ကြိုးစားရေးသွားမှာပါ ❤️ 
          တခြားဟာတွေထက် BL ရဲ့ ရင်ခုန်စရာအရသာလေးနဲ့ အချစ်ရဲ့သဘောသဘာဝလေးကို ခံစားနိုင်ဖို့ပဲ ဦးစားပေးထားပါတယ် ။ ကိုယ်ရေးနေကျတွေနဲ့ ခပ်ဆင်ဆင်ပဲဆိုတော့ BL ဖတ်ပြီးရင်ခုန်လှုပ်ရှားချင်သူများအတွက်တော့ အဆင်ပြေမှာပါ ။ အပျင်းပြေလေးဖြစ်ဖြစ်ပေါ့ ❤️
ppfawn
@Hundeer_sumyat အမြဲ​မျှော်​လင့်​​နေတာပါ. thanks for coming back ^^
Reply
May_Hun94
            OTP fic ​တွေနဲ့ပြန်​လာတာမဟုတ်​​ပေမဲ့ BL fic နဲ့ ပြန်​လာ​ပေးတာလည်း ​ကျေးဇူးတင်​ပါတယ်
Reply