မင်္ဂလာပါရှင်
နှစ်နဲ့ချီ ရပ်ထားခဲ့မိတဲ့ အတိတ်ကောက်ကြောင်းကို ဒီနေ့ကစပြီး ပြန်ရေးပါ့မယ်ရှင့်။ အစက လက်တန်းရေးခဲ့တာမို့ အရင်အပိုင်းတွေ ပြန်ဖတ်ရင် တစ်ပိုင်းကို စာလုံးရေ (၈၀၀၀)ကျော်နေတာလေးတွေကိုပါ။ သေချာ အပိုင်းဖြတ်ပြီးတင်ပါ့မယ်။ အားရင်အားသလို ဖတ်ပြီး ယခင်ရေးထားတဲ့အပိုင်းတွေကို ပြန်စီစစ်တင်ပြီး အပိုင်းသစ်တွေ ထည့်ပေးပါ့မယ်ရှင်။ အတူလိုက်ပါစီးမျောပေးကြပါဦးလို့ တောင်းဆိုပါတယ်ရှင်။ ဘဝအကြောင်း အကြောင်းတွေကြားမှာ အကြာကြီးထားသွားခဲ့ရလို့ တောင်းပန်ပါတယ်ရှင်။
အခု ပြန်လာတာကိုလည်း အသိအမှတ်ပြုပြီး ဖတ်ပေးကြပါဦးနော်။ မကြာခင် အတိတ်ကောက်ကြောင်းနဲ့အတူ BL , GL ကိုမှ OC တစ်ပုဒ်လည်း တင်မှာမို့ အားပေးကြပါဦးရှင့်။ အဲ့ဒီဇာတ်လမ်းကလည်း မိသားစု သတ်ဖြတ်ခံရမှု + ပျောက်ဆုံးနေတဲ့ညီမ + လက်စားချေမှု + မသိမသာချည်နှောင်နေတဲ့ အတိတ်ကြားက အချစ်တွေပါလာမှာပါ။
(((ကျန်ရစ်ခဲ့သော နှောင်ထုံး)))
(((Remnant Knot)))လို့ အမည်ပေးထားပါ တယ်။ အားပေးကြပါဦးရှင်💞💞