GobiTaoris

303 ရက် တိတိ ရောက်ပြီ။ ပျော်ရွှင်မှုမမည်တဲ့ ရက်သတ္တပတ်တွေကြားဖြတ်သန်းခဲ့ကြရတာ။ 
          	မတရားမှုတွေကြား တိုးလျှိုးသွားတဲ့ရယ်သံတွေ။
          	မပြာတော့တဲ့ကောင်းကင်ကြီးအောက် အတူတူပင်ပန်းခဲ့ကြတာတွေ။
          	ပင်ပန်းတယ်ဆိုတာကို လက်ခံပြီး ခဏလောက်အနားယူလိုက်ပါလား။
          	
          	Angel number တွေအရဆို 303 ဟာ ငြိမ်းအေးခြင်းနဲ့ သောကဝေဒနာတွေကင်းစင်ခြင်းကို ရည်ညွှန်းသတဲ့။
          	303 ဂဏန်းကို ခဏခဏမြင်တွေ့နေရပြီဆို 
          	ငါတို့ကိုစောင့်ရှောက်တဲ့ gurdian တွေက ငါတို့ကို ငြိမ်းချမ်းမှုတွေဆီ ကူညီရှာဖွေပေးနေတာပါတဲ့။
          	အတိတ်ကငါတို့မုန်းခဲ့တဲ့သူတွေ၊ ငါတို့ကိုနာကျင်စေခဲ့တဲ့သူတွေကိုတောင် ခွင့်လွှတ်ပေးလိုက်ဖို့အထိ ငါတို့ရဲ့ gurdian Angel တွေက ငါတို့ကိုငြိမ်းအေးစေချင်နေပါတယ်တဲ့။
          	
          	303 
          	303 
          	
          	အေးချမ်းပျော်ရွှင်ခြင်းတွေတစ်ရက်တာပဲဖြစ်ဖြစ် မင်းတို့အပေါ်လွှမ်းခြုံစေချင်ပါတယ်။
          	နာရီဝက်နေရင် ဒီဇင်ဘာထဲကို ငါတို့တွေတိုးဝင်ကြတော့မယ်။
          	ငါတို့တတွေ အားလုံးအေးချမ်းပါစေ။ 
          	ငါတို့တတွေရဲ့ မိသားစုတွေအေးချမ်းပါစေ။
          	ငါတို့တတွေရဲ့ တိုင်းပြည်အေးချမ်းပါစေ။ 
          	
          	
          	Sweet December  ☃ 

CardiShin456

@GobiTaoris နေရောကောင်းရဲ့လား Gobiရေ သတိရတယ်
Reply

HoneyyTT90

Take Care သာသာ
Reply

__uOo__

@GobiTaoris အစစအရာရာ ဂရုစိုက်ပါ အစ်မရေ... ထိခိုက်ဖျားနာ ကင်းဝေးပါစေနော် ♥ 
Reply

KhinMyoMyint_Kaiotic

Chansoo shipper ဖြစ်တဲ့အစ်မက Gobi​ရေးတာမလို့ကို Gobiလက်ရာတွေမလို့ကို
           ရူးရူးမူးမူးစွဲစွဲလန်းလန်းဖတ်ခဲ့ရတဲ့ Chanbaek နှင့် Kaisoo fic​တွေ တမြတ်တနိုးlistသပ်သပ်နဲ့ကိုသိမ်းပြီးဖတ်ခဲ့ရတာ ... လွမ်းလိုက်တာ ​ကောင်မ​လေး​ရေ ..   ​ဘေးကင်းပြီးကျန်းမာအဆင်​ကြေပါ​စေ​နော် 

chan_nectar_baek

အသစ်တွေဘယ်လောက်ပဲဖတ်ဖတ် ကြိုက်တဲ့ပုံစံတွေဘယ်လောက်ပဲတွေ့တွေ့ Gobiရဲ့ Greyish Dregsလောက် အမြဲတမ်းတပြီးလွမ်းနေတဲ့ခံစားချက်မျိုးမရှိဘူး wattpadကိုစသုံးတော့ ကိုယ်က ဆယ်ကျော်သက်အရွယ်ပဲရှိပါသေးတယ် ဆယ်ကျော်သက်အရွယ်မှာ စွဲလမ်းမှုက တော်တော်နဲ့မမေ့နိုင်ဘူးတဲ့ Greyish Dregs ကကိုယ့်အတွက်တော့ အချစ်ဦးနဲ့ အချစ်ဆုံးficလေးဖြစ်နေဆဲပါ ဒီနေ့မှထူးထူးခြားခြားခါတိုင်းထက်ပိုလွမ်းလာလို့ ထပ်ခါထပ်ခါလည်းဖတ်ခဲ့ပေမဲ့ အခုလိုမျိုးရင်ထဲအသည်းထဲကပြန်ဖတ်ချင်လာတဲ့အခါကျ မရှိတော့တာ သိပ်ဝမ်းနည်းစရာကောင်းတာပဲ Gobiသာဒီစာလေးကိုမြင်လို့ အဆင်ပြေရင်ပြန်တင်ပေးပါလားဟင် စာရေးသူကိုရော စာရေးသူရဲ့ masterpiece လက်ရာတွေကိုရော သိပ်လွမ်းနေရလို့ပါ #Greyish Dregsစာဖတ်သူတစ်ဦး

ily3000bbh__

Greyish Dregs ကရော ပြန်တင်ပေးတော့ဘူးလားရှင်။ အဆုံးထိအောင် အပြီးသတ်ထားပြီးတာကို ဖတ်ဖူးလို့ သိခဲ့ဖူးတဲ့သူပေမယ့် မြတ်နိုးရလို့ ခဏခဏပြန်ဖတ်ချင်သူတွေအတွက် ပြန်ဖတ်ခွင့်မရတော့တာက အဆင်မပြေပါဘူးရှင်။ တကယ်လို့များ ပြန်တင်ပေးဖို့အတွက် အဆင်ပြေမယ်ဆိုရင်တော့ တင်ပေးစေချင်ပါတယ်။ ကျေးဇူးပါ။ 

Sosose225

Daffodil က ခေါင်းထဲမှာ စိတ်ညစ်စရာ တခုရှိတိုင်း wattpad ထဲ ဝင်တိုင်း အမြဲ ဖတ်ဖြစ်တဲ့ fiction ပါ။ အချိန်တွေအကြာကြီး wattpad ကိုပစ်ထားမိတဲ့ ကာလတွေမှာလဲ Daffodil ကိုပြန်ပြန်ဖတ်ချင်လို့ ပဲ ပြန်လာဖြစ်တယ်။ ခု မရှိတော့ တဲ့ အချိန်အရမ်း လွမ်းမိပါတယ်။ စာဖတ်သူတစ်ယောက်အနေနဲ့ Daffodil လေးကို ဖပ်မြင်ရဖို့ တောင်းဆိုချင်ပါတယ်။

xsuyie

@Sosose225 ဟုတ်ပါတယ်
Reply