GeorgeEna-Ryan

မေလ က မိုးတအားရွာတော့ မိုးတိတ်သွားရင်
          	 လွတ်မြောက်သွားမယ့် ဇာတ်ကောင်နှစ်ခုကို ဖန်တီးခဲ့ဖူးတယ် ။ 
          	တကယ့် တကယ်မိုးတွေရွာရင် ငါကအသက်ရှူရကြပ်နေခဲ့တာ
          	ငါမလွတ်မယ့်အတူတူ အဲ့ဒီဇာတ်ကောင်တွေကိုတော့ လွတ်မြောက်စေချင်ခဲ့တာ ..နောက်တော့ သူတို့တွေ လွတ်မြောက်သွားကြတယ် ။
          	မိုးရေတွေထဲလည်း ပျော်နိုင်သွားကြတယ် ။ 
          	ငါကတော့ မိုးတွေရွာတိုင်း ရုန်းကန်ဆဲ ရုန်းကန်မြဲနဲ့ ကျန်ရစ်ခဲ့တယ် ။
          	ငါ 2022မေလကတည်းက ခံစားနေခဲ့ရတဲ့ စိတ်ဒဏ်ရာအကြီးကြီး တစ်ခုရှိတယ် ။ လူတစ်ယောက် သေသွားတဲ့အပေါ် ငါ့ရဲ့ခံယူချက်အမှားကြောင့် တစ်သက်လုံး အပြစ်ရှိသူတစ်ယောက်အဖြစ် နေထိုင်သွားရမယ်လို့ထင်ခဲ့တာ ။ အဲ့ဒီကာလတုန်းက စာတွေမရေးနိုင်ခဲ့ဘူး ။ အချိန်တိုင်း စက္ကန့်မလပ် သေဖို့တွေးနေခဲ့ပြီး ၊ ဘယ်လိုလုပ်ရင် တကယ်သေမလဲပဲ လက်တွေ့စမ်းချင်နေခဲ့တာ ။ နောက်တော့ စာတွေပြန်ရေးတယ် ။ နောက်ထပ် စာတွေမရေးနိုင်တဲ့အထိပဲ ။ ငါ့စိတ်နောက် တကောက်ကောက်လိုက်နေခဲ့တဲ့ အရိပ်ဆိုးကြီးက တကယ်မရှိမှန်း အားလုံးက ငါ့စွဲလမ်းမှုကြောင့် ဖြစ်တယ်ဆိုတာ အောက်တိုဘာလမှာ အတည်ပြုနိုင်ခဲ့ပါတယ် ။ ငါလည်း မိုးတွေရွာရင် ပျော်နိုင်ခဲ့ပါပြီ ။ 
          	အဲ့ဒီနောက် ငါလည်း လွတ်မြောက်သွားသလိုပဲ ။ စာတွေမရေးနိုင်တော့ဘူး ။ ငါ့ဇာတ်ကောင်တွေကို ငါလွှတ်ပေးလိုက်သလိုမျိုး ငါ့ခန္ဓာကိုယ်ထဲက ငါ့စိတ်ထဲက နောက်ထပ် ငါတစ်ယောက်က ငါ့ကို လွှတ်ပေးလိုက်သလိုပါပဲ ။ 

အိပ်နေရင်းနဲ့ပြန်မနိုးလာတော့ရင် ကိုယ်ချစ်ရတဲ့သူတွေကို
           ပြောချင်တဲ့စကားတွေ ဒီမှာချရေးထားလို့ အဆင်ပြေတယ်မလား 

GeorgeEna-Ryan

ဒါပါပဲ ဒီနှစ်ယောက်ပဲ ..ဘယ်သူများရှိနေပါဦးမလဲ ..
            ငါ့ကိုတကယ်ခင်မင်ခဲ့သူလေ ..?
Reply

GeorgeEna-Ryan

@Zuu အရူးမလေး စာကြိုးစားပါ ၊ နင့်ရဲ့ vd call တွေ ငါ့ဆီက နင့်ဆီရောက်သွားမယ့် vd callတွေမရှိတော့ရင် ဘယ်လောက်တောင် ပျင်းဖို့ကောင်းလိုက်မလဲနော် ၊ 
            ရှေ့ဆံမြိတ်တွေရှည်လာရင် ငါကလွဲပြီး ဘယ်သူ့ကိုမှ 
            ညှပ်မပြပါဘူးလို့ ကတိပေး ။ နောက်နှစ်နည်းနည်းကြာရင် နင်ဒီထက်ပိုပြီး အခြေအနေကောင်းအောင်နေနော် ၊ လက်ကောက်ဝတ်ပေါ် ခဏခဏ ဓါးတင်နေတဲ့ နင်က မသေဘဲ ငါကအရင်သေသွားရင် ဝမ်းနည်းမှာလား ၊
             ကလေးလို့မခေါ်နဲ့လို့ပြောတယ် နင်က‌ကလေးလေးပဲ
            မလား။ ချစ်ပါတယ် ဇူးကလေးရဲ့ ။  မွေးနေ့လက်ဆောင်ကို ကျူးလစ်တွေပြင်ဆင်ထားလား ..ငါသာငါ့‌ေမွး‌ေန့မတိုင်ခင်သေသွားခဲ့ရင် အဲ့ပိုက်ဆံတွေကို နင့်အတွက်နင်သုံးနော် ။
            အဆိပ်အတောက်တွေကြားမရှင်သန်ဘဲ သေချာပေါက် ရုန်းထွက်ရမယ်နော် ၊ ကလေးလေးမို့ ပူပင်ရတယ် .. တစ်ခါတလေ ငါတို့ရဲ့ vd callတွေက လုံခြုံနွေးထွေးရပြီး တစ်ချို့တလေ က အရမ်းပေါက်ကရဆန်လွန်းတာသိလား ..ငါအမြဲပျော်နေခဲ့တာ ။ ငါပျော်ခဲ့ပါတယ် ဇူးကလေး ။ 
Reply

GeorgeEna-Ryan

@KoKoFreddie ချစ်တယ် ငါ့ကိုကို ၊ နောက်ဘဝတွေထပ်ပြီးရေစက်ရှိရင် သေချာပေါက် ညီအစ်ကိုလုပ်ကြမယ် ။
            ညီ့မွေးနေ့မှာ နာရီလေးလက်ဆောင်ပေးဖြစ်လား ? အသက်ကြီးလာလေ ကိုကိုနဲ့ ပိုဝေးကွာလာလေလို့ ခံစားရတယ် ဒါဆို ကျွန်တော်လူကြီးမဖြစ်ချင်တော့ဘူး ။ နာရီကိုသေချာပေါက် ဈေးနည်းတာပဲ ဝယ်ပေးပါ ကိုကို့ ဆီက မေတ္တာတရားတွေက ညီ့အတွက် လုံလောက်နေပြီမို့လေ ။တစ်ခါတလေ မပြောဖြစ်တဲ့စကားတွေက ဘယ်လောက်လှပနေမလဲ ညီအမြဲတွေးနေမိတယ် ။ ကိုကို့ ဖုန်းနံပါတ်ကို အရဲစွန့်ပြီး call လို့နှိပ်ဖို့အထိ မရဲတဲ့ ညီဟာ ကိုကိုနဲ့ အခုထိဝေးကွာနေတုန်းပဲ ။ ဝေး‌ရင်း ဝေးရင်းပေါ့ ညီဟာ အရင်လို အမှုန်အမွှားလေးပြန်ဖြစ်သွားမှာကြောက်နေမိတယ် ။ 
            အရင်က နှလုံးသားချင်းဝေးကြတယ် ။ နောက်တော့ မြို့တွေဝေးကြတယ် ။ အဆုံးထိ ဆို နိုင်ငံတွေအထိ ဝေးကြရဦးမယ် ။ လွမ်းပါတယ်လို့ ကိုကို့ကွယ်ရာမှာ ရေရွတ်မိရုံပဲ ။ 
            ကိုကို့ ကို ချစ်ပါတယ် ။ အန္တရာယ်ကင်း ဘေးရှင်းပါစေ ကိုကို ၊ လုံခြုံအေးချမ်းစွာနဲ့ နေထိုင်နိုင်ပါစေ ။ ညီ့ရဲ့ဖော်ပြမတတ်တဲ့ မေတ္တာတရားကြောင့် လုံခြုံနွေးထွေးပါစေကွယ် ။
            
Reply

GeorgeEna-Ryan

' အစ်ကို မင် ’ ကိုပြန်ရေးချင်တဲ့စိတ်တွေပေါ်လာတယ်
          တိတ်တိတ်လေး ထွက်သွားမယ်လို့ ဆုံးဖြတ်ထားပေမယ့်လည်းလေ။

GeorgeEna-Ryan

အကြီးအကျယ်အော်ငိုလိုက်တာဖြစ်ဖြစ်
          အားရပါးရ ရယ်မောလိုက်တာဖြစ်ဖြစ် လုပ်ပစ်ချင်တယ်
          ဗလာသက်သက်ဖြစ်နေတဲ့ ခံစားချက်ကြီးကို တအားမုန်းတာပဲ

GeorgeEna-Ryan

သေချင်လာပြီ
Reply

GeorgeEna-Ryan

ကိုယ်ဘာဇာတ်လမ်းရေးခဲ့လဲ မမှတ်မိတာမို့ ကိုယ့်ဇာတ်လမ်းကို ကိုယ် အစအဆုံး ပြန်ဖတ်လိုက်ရတယ် အဲ့လိုပဲ အခြေအနေက အရမ်းကောင်းနေတာ

GeorgeEna-Ryan

ထာဝရ မင်းအနားမှာ ကို ပြန်ဖတ်တာ 
            Cmt လေးတွေမြင်ရင် အရမ်းနွေးထွေးရတယ် ရင်ဘတ်ထဲ လိပ်ပြာလေးတွေပျံနေသလိုပဲ အရာရာအတွက်ကျေးဇူးပါ❤️
Reply

GeorgeEna-Ryan

သူတို့ကလည်းတွန်းထုတ်ရင်း
          ငါကလည်း ခပ်ဖြေးဖြေး ဆုတ်ခွါရင်း
          ဒီလိုနဲ့ ငါဟာ စိတိအမှောင်တိုက်ကြားပြန်တိုးဝင်သွားရတယ်
          တစ်ခါ တစ်ခါ ရယ်သံတွေကြားရတယ်
          ငါ၏ နှုတ်မှမဟုတ်သော်လည်း သူတို့ထံမှဖြစ်သောကြောင့်
          တိတ်‌ဆိတ်နေရတာ ဝမ်းမနည်းမိပါကြောင်း ....
          
GeorgeEna-Ryan

တကယ် တကယ် ထပ်ပြီးမခံနိုင်တော့လို့
Reply

GeorgeEna-Ryan

အသစ် အသစ်သော စိတ်ဒဏ်ရာများနှင့် 
            ကျွန်ုပ်အား ထပ်မံ မရိုက်ချိုးစေလို ။
Reply