💭🎼

ကြည်လင်တောက်ပနေတဲ့ကောင်းကင်ပြာကြီးထက်
ပြာမှိုင်းမှိုင်းနဲ့လွမ်း​မောဖွယ်ကောင်းလွန်းတဲ့ ကောင်းကင်ကြီးကိုပိုကြိုက်တယ်။
ကျနော့်အတွက်တော့ မှိုင်းပြာရောင်ကောင်းကင်ကြီးက အရမ်းလှတယ်လို့ခံစားရတယ်။
အေးချမ်းလွန်းတယ်၊
စိတ်ကိုကြည်နူးစေတယ်။
အုံ့ဆိုင်းပြီး မှိုင်းပြာပြာဖြစ်နေတဲ့ကောင်းကင်ကြီးကိုမျက်နှာမူရင်း...
မြက်ခင်းစိမ်းလေးတွေပေါ်မှာလဲလျောင်းအိပ်စက်ချင်တယ်။
လွင့်မြောနေတဲ့တိမ်စိုင်တွေကိုငေးကြည့်နေရင်း
ဂီတသံစဥ်လေးတွေနားထောင်ချင်တယ်၊စာအုပ်တွေဖတ်ချင်တယ်။
စာလေးဖတ်လိုက်၊တိမ်တွေငေးလိုက်နဲ့ပေါ့...။
မှိုင်းညို့ညို့တောင်တန်းကြီးတွေ ပတ်လည်ဝိုင်းပြီးလူသူအရောက်အပေါက်နည်းပါးတဲ့နေရာတစ်ခုမှာ ကိုယ်စိတ်ပျော်ရာလေးတွေလုပ်ရင်းနေလိုက်ချင်တယ်။
မှိုင်းညို့တဲ့တောင်တန်းတွေရယ်၊ပြာမှိုင်းမှိုင်းကောင်းကင်ကြီးရယ်၊မြောလွင့်နေတဲ့တိမ်စိုင်တွေရယ်၊သာယာတဲ့သံစဥ်တွေနဲ့စာအုပ်တွေရှိရာအရပ်မှာ အေးအေးချမ်းချမ်း​လေးနေချင်ပါရဲ့.....💭💭💭

ကံ့ကော်မင်း
  • JoinedDecember 21, 2022



49 Reading Lists