Elizabeth_Khant

大家好。。。Eliz ပါ
          	
          	Novel translation တွေ copyright ကြောင့် ဖျက်ချခံနေရတာမလို့ လျဲ့ဟော်ကိုလည်း ဒီနေ့ညနေ/ည unpublished လုပ်ပါမယ်ရှင်။ မဖတ်ရသေးတဲ့သူ/ ပြန်ဖတ်ချင်တဲ့သူတွေရှိရင် offline list ထဲ ထည့်ထားကြဖို့ ကြိုအသိပေးလိုက်ပါတယ် 

T_L_Z_H16

@Elizabeth_Khant မင်မင်ရေ tele မှာတင်တာရှိလား
Svar

HayMannhnin7112008

@Elizabeth_Khant ကျေးဇူးပါမင်မင်စောင့်နေပါ့့မယ်
Svar

Elizabeth_Khant

大家好。。。Eliz ပါ
          
          Novel translation တွေ copyright ကြောင့် ဖျက်ချခံနေရတာမလို့ လျဲ့ဟော်ကိုလည်း ဒီနေ့ညနေ/ည unpublished လုပ်ပါမယ်ရှင်။ မဖတ်ရသေးတဲ့သူ/ ပြန်ဖတ်ချင်တဲ့သူတွေရှိရင် offline list ထဲ ထည့်ထားကြဖို့ ကြိုအသိပေးလိုက်ပါတယ် 

T_L_Z_H16

@Elizabeth_Khant မင်မင်ရေ tele မှာတင်တာရှိလား
Svar

HayMannhnin7112008

@Elizabeth_Khant ကျေးဇူးပါမင်မင်စောင့်နေပါ့့မယ်
Svar

Elizabeth_Khant

Hello...
          
          Eliz အားလုံးကို အသိပေးချင်တာလေးရှိလို့ပါရှင်။
          
          အားလုံးက Lie Huo ကို မျှော်နေကြမှန်း၊ ဆက်တိုက်ဖတ်ချင်မှန်း နားလည်ပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်း Eliz က လုပ်ငန်းခွင်မှာ မတူတဲ့ ရာထူးနှစ်ခုကို တစ်ပြိုင်တည်း လုပ်နေရတာမလို့ Novel translation ဘက်ကို အရမ်းမလှည့်နိုင်ပါဘူး။ ပြီးတော့ အခုရက်ပိုင်း Eliz ရဲ့ personal ကိစ္စတချို့လည်း လုပ်နေရတာမလို့ အချိန်က ဘယ်လိုမှကို ပိုမလာပါဘူး။ ဒါကြောင့် Lie Huo novel ကတော့ update ကြာပါဦးမယ်ရှင်။ Manhua ကိုလည်း နားထားပါဦးမယ်။
          
          CCP ကတော့ Eliz က အစကတည်းက ပေါင်းပြီးဘာသာပြန်ဖို့ စဉ်းစားထားတာပါ။ အရင်က အတူပြန်ခဲ့တဲ့ Eliz သူငယ်ချင်းကလည်း မအားတော့တာမလို့ ဆက်မပြန်နိုင်တော့ပါဘူး။ တကယ်လို့ စာဖတ်သူတွေထဲမှာ ဘာသာပြန်ကြည့်ချင်တဲ့သူတွေရှိရင် Eliz ကို လာပြောလို့ရပါတယ်။ Eliz နဲ့ အတူ ဘာသာပြန်ကြပါမယ်။ တွဲဖက်ရှိတော့ update လည်း ပိုမြန်နိုင်တာပေါ့နော်။
          
          အဓိကကတော့ update မပေးနိုင်တဲ့ အကြောင်းရင်းလေးကို လာပြောပြတာပါရှင်။ Drop သွားတာ မဟုတ်ပါဘူးလို့။ စာဖတ်သူအားလုံးကိုလည်း အားနာမိပါတယ်။ နားလည်ပေးကြဖို့မျှော်လင့်ပါတယ်။
          
          အားလုံးပဲ ကောင်းသောညလေးဖြစ်ပါစေရှင် 

MarYar5

@Elizabeth_Khant လိမ်မာတဲ့ ဒီကကလေးလေးကိုမုန့်ဝယ်ကျွေးနော် ဟီးဟီး
Svar

Elizabeth_Khant

@MarYar5 ဟုတ်ပြီရှင်
Svar

MarYar5

@Elizabeth_Khant ဒီကဥထားတာ အဆုံးထိစောင့်မယ်ဆိုပြီး...အဆင်ပြေတဲ့ချိန်အပ်ပုဒိတ်ပေးပေါ့...လိပ်လေးလိုဖတ်ရင်းစောင့်နေမယ်နော်
Svar

Elizabeth_Khant

[Unicode]
          
          Hello~
          
          Lie Huo ဝတ္ထု မြန်မာဘာသာပြန်နဲ့ ပတ်သက်ပြီး ပြောစရာ အနည်းငယ်ရှိပါတယ်။ Lie Huo novel ကို အပိုင်း ၇၆ ကနေ ၈၈ အထိ Raw TL အဖြစ် ဘာသာပြန်ခဲ့ပါတယ်။ ရုရှားဘာသာပြန်ကနေတစ်ဆင့် ပြန်ဆိုတာဖြစ်ကြောင်း အားလုံးသိပြီးဖြစ်မှာပါ။ အခု Eliz ဆီမှာ ရာနှုန်းပြည့်မှန်တဲ့ translation တစ်ခု ရထားပါတယ်။ အဲဒါကြောင့် ၈၉ ကို ဆက်မရေးခင် ၇၆ ကနေ ၈၈ အထိအပိုင်းတွေကို unpublished လုပ်ပြီး ဖြည့်စရာရှိတာဖြည့် ပြင်စရာရှိတာ ပြန်ပြင်မှာပါ။ ဆိုတော့ ဒီ announcementတင်ပြီးတာနဲ့ အထက်မှာပြောထားတဲ့ အပိုင်းတွေကို အကုန် un မှာပါ။ အမြန်ဆုံး edit လုပ်ပြီး ပြန်တင်ပေးနိုင်အောင် ကြိုးစားပါ့မယ်။ ဒါကြောင့်မလို့ ပြန်တင်တဲ့အခါကျရင် ဖတ်ပြီးသားဆိုလည်း နောက်တစ်ကြိမ်ပြန်ဖတ်ပေးကြပါဦးလို့။
          
          Can Ci Pin ကိုလည်း ဆက်ပြီး update တင်ဖို့အတွက် ရေးနေပါပြီ။ နည်းနည်းလောက်ပဲ ထပ်စောင့်ပေးကြပါ။
          
          _______________________________
          
          [Zawgyi]
          
          Hello~
          
          

SuYee1931

@Elizabeth_Khant ပြန် update ပေးမှာကိုမျှော်နေပါမယ်ရှင့်
Svar

arrow266

ကျေးဇူးပါ
Svar

Elizabeth_Khant

[Unicode]
          
          Hello I am back~
          
          တစ်လလောက် Hiatus လုပ်လိုက်ရတဲ့အတွက် စာဖတ်သူအားလုံးကို အားနာမိပါတယ်။ အခုဆို Eliz ဖြေရမယ့် Test လည်းပြီးသွားပြီမလို့ novel ဘာသာပြန်ကို ဆက်လုပ်ပါတော့မယ်။ အလုပ်တစ်ဖက်နဲ့မလို့ Update တအားကြီးမမြန်နိုင်ပေမဲ့ အတတ်နိုင်ဆုံးတော့ မြန်မြန်ရေးပေးပါ့မယ်။ မကြာခင်ရက်ပိုင်းအတွင်း update တွေနဲ့အတူ ပြန်လာခဲ့ပါတော့မယ်လို့ 
          
          [Zawgyi]
          
          Hello I am back~
          

ZinMoeThu7

@Elizabeth_Khant မျော်နေတာပါ  ငှက်လူသားကိုလဲလွမ်းနေတာ
Svar

Sena9404

@Elizabeth_Khant အရမ်းလွမ်းနေတာ❤️
Svar

HayMannhnin7112008

@Elizabeth_Khant မျှော်နေပါတယ်
Svar

light287

အိမ်လိုက်ခဲ့မှာဏော်

light287

@Elizabeth_Khant ခိခိ ​လိမ်ပျံ ဆီကုန်နေလို့ ဆီဝယ်ပီးရင် လိုက်လာမယ်
Svar

Elizabeth_Khant

@Cloudy287 သိရင် လိုက်ခဲ့ပါ 
Svar

Elizabeth_Khant

HIATUS Announcement
          
          Hello~
          
          အားလုံးကို အားနာမိစွာနဲ့ပဲ ဒီစာလေး လာတင်လိုက်ပါတယ်။ အကုန်လုံးက Eliz ရဲ့ ဘာသာပြန်ကို စောင့်နေမယ်ဆိုတာ သိပါတယ်။ အရိုးသားဆုံးပြောရရင် Eliz အနေနဲ့လည်း  တောက်လျှောက်ရေးပေးချင်တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ ဘယ်လိုမှ အချိန်မဖဲ့ပေးနိုင်တော့ပါဘူး။ လျှပ်စစ်မီးကလည်း တစ်နေ့လုံးနီးပါး ပြတ်တဲ့အပြင် မီးလာတဲ့အချိန်မှာ client အပ်ထားတဲ့ အလုပ်တွေကို Eliz အပြီးလုပ်ရပါတယ်။ ဒါ့အပြင် မတ်လမှာ test ဖြေစရာရှိတာမလို့ အဲဒီအတွက်လည်း ပြင်ဆင်နေရတာမလို့ပါ။ (မှတ်ချက် - ကျောင်းတက်နေတာမဟုတ်ပါ)
          
          Eliz အနေနဲ့ ဘာသာပြန်လက်စတွေကို ခဏရပ်ထားချင်ပါတယ်။ ဘယ်အချိန်အထိ ရပ်ဖြစ်မလဲဆိုတာ မသေချာပါဘူး။ သေချာတာကတော့ Feb တစ်လလုံးတော့ ရေးဖြစ်မှာ မဟုတ်ပါဘူး။ အတတ်နိုင်ဆုံးတော့ စာဖတ်သူတွေဆီ အမြန်ဆုံးပြန်လာနိုင်အောင် ကြိုးစားပါ့မယ်။ အကယ်၍ ဒီကြားထဲမှာ အချိန်ရခဲ့ရင်တော့ update ပေးနိုင်အောင် လုပ်ပေးပါ့မယ်။
          
          အားလုံးရှင်းအောင်လို့ ပြောပြရရင် Eliz က ဘာသာပြန်လက်စတွေကို drop သွားတာ မဟုတ်ပါဘူး။ သေချာပေါက် ဆက်ပြီးဘာသာပြန်မှာပါ။ Update နှောင့်နှေးမှုအတွက် အသိပေးချင်ရုံပါပဲ။
          
          စာဖတ်သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ အားလုံးပဲ ကျန်းမာရေးဂရုစိုက်ကြပါ 

ZinMoeThu7

@Elizabeth_Khant ဟုတ်ကဲ့ပါ ပြန်လာမဲ့အချိန်ထိစောင့်နေပ့မယ်
Svar

MarYar5

@Elizabeth_Khant မျှော်နေပါမယ်ရှင့်
Svar

Elizabeth_Khant

@Yoonnaychyiphone0 ဟုတ်ကဲ့ပါ 
Svar