Chitpannjiji13

နေမကောင်းသော်လည်း မနားဘဲ နှစ်ရက်ဆက်တိုက်အလုပ်လုပ်ပေးနေချိန် တစ်ခုလေးတောင် မမှားဘဲနဲ့ 
          	ဘလိန်းကြီး အဆူခံလိုက်ရ......။
          	But JiJi13 ၏ နားထဲ : ကြမ်းပြင်အောက်ကခေါင်မိုးလေး ၊ မင်းက ပြဿနာအိုးလေး ၊ အရှုပ်ထုတ်လေး ၊ မီးမွှေးနိုင်လွန်းတာလေး ^—^
          	
          	(ဒီနောက်ပိုင်းတွေတော့ ဘာစိတ်ဒုက္ခတွေကိုမှ ဆေးဆိုးထားမနိုင်တော့လို့ ပုံးလိုက်သွန်ချထားရတယ် အဟုတ် ~_~)
          	
          	Btw အချစ်ကလေးတို့ ဒီရက်ထဲ 
          	စာတွေအများကြီးလာဖတ်ကြတယ်နော်...။
          	Acc ထဲ ဝင်ဝင်ချင်း  vote တွေ noti အပြည့်ကျလာလို့ လန့်သွားတာပဲ...။ Follow တာရော Vmin နဲ့သက်ဆိုင်တဲ့ RL သိပ်လှလှလေးထဲ ထည့်ပေးကြတဲ့အတွက်ရော များကြီးများကြီး ကျေးဇူးပါဗျ......။♥

Chitpannjiji13

နေမကောင်းသော်လည်း မနားဘဲ နှစ်ရက်ဆက်တိုက်အလုပ်လုပ်ပေးနေချိန် တစ်ခုလေးတောင် မမှားဘဲနဲ့ 
          ဘလိန်းကြီး အဆူခံလိုက်ရ......။
          But JiJi13 ၏ နားထဲ : ကြမ်းပြင်အောက်ကခေါင်မိုးလေး ၊ မင်းက ပြဿနာအိုးလေး ၊ အရှုပ်ထုတ်လေး ၊ မီးမွှေးနိုင်လွန်းတာလေး ^—^
          
          (ဒီနောက်ပိုင်းတွေတော့ ဘာစိတ်ဒုက္ခတွေကိုမှ ဆေးဆိုးထားမနိုင်တော့လို့ ပုံးလိုက်သွန်ချထားရတယ် အဟုတ် ~_~)
          
          Btw အချစ်ကလေးတို့ ဒီရက်ထဲ 
          စာတွေအများကြီးလာဖတ်ကြတယ်နော်...။
          Acc ထဲ ဝင်ဝင်ချင်း  vote တွေ noti အပြည့်ကျလာလို့ လန့်သွားတာပဲ...။ Follow တာရော Vmin နဲ့သက်ဆိုင်တဲ့ RL သိပ်လှလှလေးထဲ ထည့်ပေးကြတဲ့အတွက်ရော များကြီးများကြီး ကျေးဇူးပါဗျ......။♥

Chitpannjiji13

Wattpad search bar မှာ ဂျီဂျီလို့ မြန်မာလိုရိုက်ရှာရင် Profiles ဆိုတာမှာ နှစ်ယောက်တွေ့တယ်မလားဗျ....။
          ကျွန်တော်မဟုတ်ပါဘူး နောက် Acc ကလေ....။ 
          
          Profile ပုံတူတာက ထားပါ....။
          တိုက်ဆိုင်သွားတာဖြစ်နိုင်တာပဲ...။
          ကျွန်တော်လည်း Pinterest က ယူသုံးထားတာမို့ ကိစ္စမရှိပေမယ့် စာတွေ ၏ ၊ သည် မရွေး ယူသုံးထားတာကကျ ပိစိလေးတော့ စိတ်ဆိုးပါတယ်....။
          
          ဟွန့် ! ရမ်းပဲ....။
          

Chitpannjiji13

Power ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေလို့
          Ph battery လဲရမယ်တဲ့။
          ပြင်ဆိုင်က ပို့ထားရမှာမို့
          ဒီရက်ထဲ Update မရှိပါဘူးဗျ...
          
          ခုကို အားသွင်းကြိုးတန်းလန်းနဲ့
          မဲမဲတူးတူးလေးဖြစ်ပြီးမသော်ကေသွားခင်
          အပြေးလာပြောရတာပါ...။
          
          မပြောမဆိုပျောက်သွားရင်
          အချစ်ကလေးတွေ
          စိတ်ဆိုးနေကြမှာစိုးလို့...... ။♥

RapunZel154

@Chitpannjiji13 မစိုးပါဘူးလို့ ညန်ညန်ပြန်လာပါလို့ ♥️
Reply

Chitpannjiji13

24 နှစ်တောင်ပြည့်ပြီပဲ JiJi13......
          
          မွေးနေ့တွေ တခုတ်တရလုပ်တတ်တဲ့ကောင် မဟုတ်ပေမယ့် ဒီနှစ် June ကျမှ စိတ်ကပိစိလေးအဆင်ပြေနေတော့ 
          အိပ်လို့လည်း မရဘူး.....။
          
          မနှစ်ကလိုတွေ စိတ်အနာတရမဖြစ်ချင်ဘူး
          June တွေ မုန်းတယ်လို့အော်တော့
          ကိုယ်စောင့်နတ်ဆီကဆူခံလိုက်ရတယ်.....။
          "June မှာ လှလှလေး မွေးဖွားလာတဲ့ တခြားသူတွေကို အားနာရမှာပေါ့"တဲ့......။
          
          ဟုတ်တာပဲ.....။ ♥
          အိမ်က မကြီးရော
          တစ်ခြားချစ်ရတဲ့သူတော်တော်များများက
          June မှာ မွေးဖွားလာခဲ့တာ....။
          
          2023 June တစ်ခုထဲကိုပဲမုန်းပါဆိုလို့
          ဒီနှစ်တော့ မွေးနေ့အတွက် စာတွေကြိတ်ရေးခဲ့ပေမယ့် မမှီဘူး ... မမှီပါဘူး....။
          Ongoing တွေတောင် လက်စမသတ်နိုင်သေးတာလေ....။ အားနာပေမယ့် 
          ဖြစ်မြောက်တာတွေလည်း
          သိပ်မရှိလိုက်တာ....။
          
          ဒါပေမယ့်လည်း June ရဲ့ ရက်လှလှလေးမှာ မွေးဖွားလာကြတဲ့သူတိုင်း
          အလှဆုံးနေ့ရက်ကလေး ပိုင်ဆိုင်ကြပါစေဗျ......♥
          
          ကျွန်တော့်အတွက်ကကျ....
          သိပ်ထူးထူးခြားခြားမွေးနေ့တော့မဟုတ်ပါဘူး။ ပုံမှန် အလုပ်သွား ။ Desktop ရှေ့ တစ်နေကုန်ထိုင်ပြီး သံပတ်ပေးထားသလို အလုပ်လုပ်ရမှာ.....။
          မှတ်မိသလောက် မနှစ်ကတော့ June မှာ မန္တလေးရောက်နေခဲ့တယ်ထင်တယ်....။
          
          ဒီနှစ်ထဲ ကျွန်တော့်ရဲ့ မပြည့်ဝသေးတဲ့
          စာတွေလာဖတ်ရင်း အသိအမှတ်ပြုပေးပြီး နွေးထွေးပေးခဲ့ကြလို့ ကျေးဇူးအများကြီးတင်ပါတယ်♥
          
          စာတွေအများကြီးရေးချင်ပါသေးတယ်
          ထပ်တွေ့ကြရအောင်......။
          
          7.6.2000
          
          
          

HtayHlaing798

သာသာရေ ကျန်းမာရေးဂရုစိုက်ပါဗျာ ရာသီဥတုမိုးရွာလိုက်နေပူလိုက်ဆိုတော့

Chitpannjiji13

@HtayHlaing798 
            နွေရာသီမှာရတဲ့မေတ္တာစာလေးက
            ရင်ထဲနွေးခနဲဖြစ်ရပါတယ်♥
            
            စာတွေလည်းအများကြီးရေးပြီး
            ကျန်းမာရေးလည်းဂရုစိုက်ပါတယ်
            အများကြီးလည်းချစ်ပါတယ်♥
Reply

Chitpannjiji13

ကျန်ခဲ့တဲ့ နှစ်နှစ်လုံးမှာ April တွေ စိတ်အဆင်မပြေမှုနဲ့စပြီး May ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာ....။
          June တွေကိုလည်း တစ်ဖက်သတ်
          သိပ်မုန်းမုန်းတီးတီးပါပဲ။
          
          တစ်ကယ်ပါ....။
          အရင်က စိတ်တွေသေလို့စာရေးတယ်ဆိုရင်
          ဒီရက်ထဲရေးသမျှတွေက
          စိတ်တွေအဆင်ပြေလို့ရေးတဲ့စာတွေပါ။ ကျွန်တော့်စိတ်က ခန့်မှန်းရလွယ်ပါတယ်။ ဘယ်ပြဿနာမှရှောင်မပြေးတတ်တော့ရင် စာတွေချည်းဖိရေးပြီး 
          ဒီမှာလာပုန်းတော့တာပါပဲ။ 
          ဒီရက်ပိုင်းရေးခဲ့သမျှတွေကတော့
          စိတ်ကလေးအဆင်ပြေလို့ရေးတဲ့စာတွေပါ။
          
          အများကြီးတွေးမိတယ်။ 
          ဒီနှစ် May က ထူးထူးဆန်းဆန်း စိတ်ကလေးသက်တောင့်သက်သာဖြစ်နေခဲ့တာပဲ...။ ဒီတိုင်းဆက်သွားရင်
          June ကိုတောင် သေချာဖြတ်သန်းနိုင်မယ်ထင်ပါတယ်။
          
          ဘာတစ်ခုလေးမှ ကောင်းတာလေး
          မရှိပေမယ့်.... 
          စိတ်ကူးပေါက်ရာလျှောက်ခြစ်သမျှတွေ
          လာဖတ်ပေးပြီး စိတ်သက်သာရာအများကြီးဖြစ်စေခဲ့လို့
          May တစ်လလုံးစာအတွက်
          ကျေးဇူးအများကြီးတင်ပါတယ် ♥
          ချစ်ပါတယ် အားလုံး......။

RapunZel154

@Chitpannjiji13 
            အမြဲစိတ်ချမ်းသာပျော်ရွှင်ဖို့က အဓိကပါ
            စာတွေအများကြီးရေးပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင် ဆာရားငဲလ်ပါ ပန်ပန်ရေ ♥️♥️♥️
Reply

SanWin909

ဦးငယ်လေးကိုမေ့နေတာလား အ့တာလေးစောင့်နေတာနော်☹

SanWin909

@SanWin909 ဟောကွယ် ဟူတ်ပါပီစောင့်နေမယ်နော်
Reply

Chitpannjiji13

@SanWin909 
            Extra - 7 လေးပေးချင်တာကို
            လက်စမသပ်နိုင်ဖြစ်နေတာကလေးရယ် TwT
Reply

Chitpannjiji13

          နင့်နင့်နဲနဲ Fic ကလေးတွေဆို
          ကော်ဖီတစ်ခွက်နဲ့ ဖတ်ပြီးဆွေးတတ်သူပါ။ Open Ending တွေ တွေးရတာလည်း သိပ်ကြိုက်တတ်သူပါ။ တွေးရလေ ဆွေးရလေ ပိုကြိုက်လေပါပဲ။ ငိုရတာလေးတွေဖတ်ရမှ နေသာထိုင်သာရှိသူမို့
          စာဖတ်နေချိန်ဆို ကျွန်တော်က လူယုတ်မာကလေးပါ။(မျက်နှာမဲ အီမိုဂျီ)
          
          ထူးထူးဆန်းဆန်း 
          ဆန့်ကျင်ဘက်ကတော့
          ကိုယ့်စာတွေမှာက Sad Ending လုံးဝ လုံးဝ လုံးဝ မရေးပါဘူး။ Hidden မှာလိုမျိုး OE လောက်ပဲ ပါးပါးလေး ရေးတတ်တာပါ။
          Drama တွေ ရေးရတာမျိုး မပိုင်နိုင်ပါဘူး။ လိုအပ်ချက်တွေ အများကြီး ရှိပါသေးတယ်။
          
          ဘာလို့ Sad Ending တွေမရေးတာလဲဆို ခေါင်းခြောက်အောင် စဉ်းစားပြီးခဲ့လည်း ကျွန်တော် မပြောပြတတ်ပါဘူးဗျ။ ဒီတိုင်း စာစရေးကတည်းက Sad End ကို တစ်ခါမှ မတွေးကြည့်ဖူးသေးလို့ပါ။ ဘယ် Plot ပဲလာလာ "အဆုံးသတ်မှာ ချစ်သွားကြလေသတည်း" ဆိုတာချည်းပဲ ဦးနှောက်သေးသေးလေးက ပေးပါတယ်။
          
          စာဖတ်နေချိန်ဆို လူယုတ်မာဆိုပေမယ့် စာရေးနေချိန်ကျ နှလုံးသားက မန်ကျည်းရွက်တွေလို နုနုကလေး......။
          
          JiJi 13 က SE တွေ မရေးပါခင်ဗျာ။

Chitpannjiji13

ရင်ဘတ်ထဲအောင့်လို့
          41° နဲ့တင် ထမင်းမစားနိုင်။
          မူးပြီး တစ်နေကုန်ရေပဲသောက်နေရတာ။
          မီးပျက်တော့ လူလည်း
          တစ်ကယ်အရည်ပျော်တော့တာပဲ။
          ဒီထက် ပိုပူတဲ့နေရာကသူတွေ 
          ဘယ်လိုများနေကြပါလိမ့်ဗျာ.....။
          အပြင်ထွက်တာ ဘာညာ
          ဂရုစိုက်ကြပါဗျ♥