ByunKhinee614

Fic book order လက်ခံနေပါပြီနော် 

user24453674

@ByunKhinee614 စာအုပ်​မှာချင်​လို့ပါ
Reply

ByunKhinee614

ကျွန်တော် fic အသစ်ကိုဖျက်လိုက်ပါတယ်။
          ဘာလို့လဲလို့မေးချင်နေကြမယ်ဆိုတာလဲသိပါတယ်။
          ဖုန်းအဟောင်းထဲ ဇာတ်လမ်းတစ်ပုဒ်လုံးပါသွားထဲက ကျွန်တော် အစဆုံးပြန်ရေးဖို့ အရမ်းကို stress တွေရခဲ့ပါတယ်။ ဘယ်ချိန် fic ကိုတင်မယ်ဆိုတာကိုလဲ readers တွေကိုအသိပေးထား တော့ ယုံကြည်မှုပျက်သွားမှာလဲ အရမ်းစိုးရိမ်မိတယ်။ ဖြစ်နိုင်ရင် ကျွန်တော် အစဆုံးပြန်ရေးဖို့ ယုံကြည်ချက်လဲမရှိသလို ပြန်လဲမရေးချင်တော့တာပါ။ ကြားထဲမှာ ဟာ ကွက်တွေအရမ်းများမှာကိုလဲ ကြောက်မိတယ်။ ကျွန်တော် fic တွေ ဆက်ရေးဦးမှာပါ။ အခုအခြေအနေကိုတော့ အားလုံးနားလည်ပေးနိုင်မယ်မျှော်လင့်ပါတယ်။ 'အဖြူစင်ဆုံးချစ်သူ'လေးတောင် plubish လုပ်ထားပီးသားမို့ ကံကောင်းပီး မပျက်သွားတာလို့ပဲပြောရမယ် ထင်ပါတယ်။
          
          ဒီထက်ပိုကောင်းတဲ့ ပုံစံအသစ်တွေကို ကြိုးစားရေးသွားပါ့မယ်။ နားလည်ပေးမယ်လို့လဲမျှော်လင့်ပါတယ်…

ByunKhinee614

thanks u alllllll T-T
Reply

TDLayy

@ByunKhinee614 နားလည်ပါဒယ် စောင့်ဖတ်ပါ့မယ်
Reply

user31421038

@ByunKhinee614 ဟုကဲ့ နားလည်​​ပေးပါတယ်​ authorအ​ပေါ်ထားတဲ့ယုံကြည်​မှုက​တော့မ​ပြောင်းလဲပါဘူးဒီထက်​ပို​ကောင်းတဲ့ပုံစံ​အသစ်​​တွေကိုကြိုးစားပီး​ရေးပါ အား​ပေး​နေပါ​မေ fighting
Reply

KitKit6

သာသာ​ရေ ဖြုစင်​​သောချစိသူဖတိပြီးတညိးက အရမ်းသ​ဘောကျသွားပါတယ်​ တစ်​ပုဒ်​လုံးအစအဆုံးအကုနိကျြိုကိပါတယ်​ အများကြီး​ရေးပါဦး​နော်​❤

ByunKhinee614

@KitKit6 အများကြီးရေးသွားအုံးမှာမို့ အခုလေးလေးဆက်ပီး အားပေးပါဦးနော်
Reply

ByunKhinee614

Hello!!!!!! guys …
          
          အမိုက်အမဲလေးလာပါပြီ :')
          ကျွန်တော့်ဖုန်းလေးကြောင်သွားလို့ ဆိုင်သွားပြတာ ဖုန်းထဲရှိသမျှ အကုန်ပျက်ကုန်ပါတယ်။ ကျွန်တော်လဲ ဖုန်းအသစ်ကမလဲနိုင်သေးပါဘူး။ အဲ့တာ ဖုန်းအဟောင်းလေးနဲ့ ပြန် type နေတုံး ဖုန်းကထပ်ပီး ကြောင်ပြန်ရော။ ဆိုင်သွားပြပီး ဒုတိယတစ်ခေါက်ပြင်တာ 8000 ကျပါတယ်။ ပြန်ရပီထင်ပီး ပြန် type တာအလားတူပဲထပ်ဖြစ်ပြန်ပါတယ်။ ကျွန်တော်လဲ ထပ်မပြင်နိုင်တော့လို့ အိမ်ကိုပြောတော့ အိမ်ကလဲချက်ချင်းကြီး ဖုန်းလဲမပေးနိုင်ပါဘူးတဲ့။ ဖုန်းမရှိတဲ့ ဘဝနဲ့ရှင်သန်ရင်း မနေ့ကတော့ အိမ်ကဖုန်းအသစ်လိုက်ဝယ်ပေးပါတယ် T-T ကျွန်တော် ဒီနေ့ သင်တန်းစာမေးပွဲက ပြန်လာတာနဲ့ တန်း type ပီး update ပေးမှာပါ။ 
          
          အကုန်လုံးအပေါ် ကတိမတည်ပဲ လိမ်ညာသလိုဖြစ်သွားခဲ့ရင် တကယ်တောင်းပန်ပါတယ်နော်။ ကျွန်တော့်ဖုန်းက တစ်သိန်းကျော်တန်လေးကို သုံးနှစ်လောက်ရှိနေပီမို့ တကယ်ကို ကြောင်ကုန်တာပါ။ အားလုံးနားလည်ပေးမယ်လို့မျှော်လင့်ပါတယ် ။
          
          thank u  all

Kyoongtiful

@ByunKhinee614 စောင့်နေပါတယ်..wall ထဲဝင်ကြည့်ရတာ အမောပါနော်..
Reply

520firelight

@ByunKhinee614  ဟုတ် !! >< ♥️♥️♥️
Reply

KuroBun7

@ByunKhinee614 ​နေမ​ကောင်းဘူးလားလို့ စိတ်​ပူ​နေတာ ​ ပြန်​လာရင်​ရပီမို့​စောင့်​​နေပါတယ်​​နော်
Reply