AKira_LOON

သံယောဇဉ်ဆိုသည်မှာ ဘယ်ချိန်ပဲဖြတ်ဖြတ် နာကျင်မှုကို ချန်ထားခဲ့တတ်သည့် စိတ္တဇနာမ်တစ်မျိုးသာ ဖြစ်သည်မဟုတ်လော။ 
          	~~
          	
          	
          	ဒါဟာ ဒီနေ့အတွက် စိတ်ထဲရောက်လာတဲ့ အတွေးစလေးတစ်ခုရယ်လေ ဘယ်လိုသံယောဇဉ်မျိုးပဲဖြစ်ဖြစ် ဖြတ်တောက်ရပြီဆိုတာနဲ့ နာကျင်မှုအပိုင်းအစလေးတွေကို လက်ဆောင်ချန်ထားခဲ့တတ်တာပဲနော် စာဖတ်သူတွေဘယ်လိုခံစားရလည်းမသိပေမဲ့ ကိုယ်ကတော့ သံယောဇဉ်တစ်ခုကို ဖြတ်တောက်တယ်လို့ ဒီအတိုင်းပဲတွေးမိရင်ကို ငိုချင်လာတယ် ခုတစ်လောအရမ်း အားငယ်တတ်နေတယ်ထင်တယ် ha ha 
          	ဘာပဲဖြစ်ဖြစ် တမြေ့မြေ့စီးမျောရင်း အဆုံးထိသွားကြစို့ရယ် နော် 

GraceGrace132

@AKira_LOON အသဲငယ်ချက်အေ
          	  တို့ကတော့မငယ်ပေါင်တော်
Reply

LILI2739

@AKira_LOON ကိုယ်ကတော့ သံယောဇဥ်တွေရဲ့အဝေးကိုပဲ့ပြေးတယ်၊တစ်ဖြည်းဖြည်း အမြစ်တွယ်လာလေ ပိုခံစားရလေမို့
Reply

two-1-two

@AKira_LOON အားမငယ်တော့ပါဘူး အနားမှာ ခင်ယွန်းမှီလည်းရှိမနေဘူးလေ ... 
Reply

MrsvioletKIM

နွယ်ကိုစာအုပ်ထပ်ထုတ်ဖြစ်ခဲ့ရင်သိပ်ကောင်းမှာဘဲသာသာ

AKira_LOON

@MrsvioletKIM အခုတော့ အစီအစဉ်မရှိသေးပါဘူး ပြန်ထုတ်ဖြစ်ရင် ပြောပေးပါမယ်နော် ✿⁠ 
Reply

MrsvioletKIM

@AKira_LOON စာအုပ်ကresellတောင်ဝယ်ရခက်တယ် နောက်တစ်ကြိမ်ထပ်ထုတ်ဖို့စဉ်းစားပေးပါအုံးနော်
Reply

EinandarWin7

သံယောဇဥ်နွယ်ကို နောက်ကျမှဖတ်မိခဲ့ရတယ် 
          ficတစ်ပုဒ်လုံးက စဖတ်တည်းက ပြီးတဲ့အထိစိတ်ကိုလုံးဝဆွဲဆောင်သွားနိုင်တယ် သာသာကိုလဲအရမ်းကျေးဇူးတင်ပါတယ်
          နွယ်နဲ့ယွန်းမှီတို့နဲ့တွေ့ဆုံခွင့်ပေးခဲ့လို့...
          စာဖတ်နေရင်းနဲ့ရော ဖတ်ပြီးသွားတဲ့အထိပါ စိတ်ထဲမှာခံစားချက်တွေရှိနေသေးတယ် တစ်နေ့တည်းနဲ့၂ခါပြန်ဖတ်လေ့မရှိပေမယ့် သံယောဇဉ်နွယ်ကိုတော့ ပြီးပြီချင်းနောက်တစ်ခေါက်ပြန်ဖတ်မိခဲ့တယ်...အရမ်းကိုတော်ပါပေတယ်သာသာရယ်

AKira_LOON

@EinandarWin7 ကျေးဇူးပါ ✿♡
Reply

kitkwatkwat11

သံယောဇဉ်နွယ်လေးကိုနောက်ကျမှတွေ့ခဲ့တယ်
          စာအုပ်ထပ်မထုတ်ချင်ဘူးလားခင်ဗျာ

kitkwatkwat11

ဟုတ်ကဲ့ပါခင်ဗျာ
Reply

AKira_LOON

@kitkwatkwat11 အခုလောလောဆယ် မထုတ်ဖြစ်သေးပါဘူးနော် ဒါပေမဲ့ နောက်ကျ ပြန်ထုတ်ဖြစ်မယ်ဆိုရင် အသိပေးပါမယ် ♡
Reply

LioJun_20

ဒီနေ့ သံယောဇဉ်နွယ်ကို နောက်တစ်ကြိမ် အဆုံးသတ်နိုင်ခဲ့တယ်။ တစ်ခေါက်ပြန်ဖတ်ရတာကပထမဆုံးအကြိမ်ဖတ်ရတာထက်တောင် ပိုပြီး ခံစားချက်ပြင်းပြရတယ်၊ ရင်ထဲမှာစွဲနေတယ်။ လွန်ခဲ့တဲ့ တစ်ရက်၊နှစ်ရက်က နွယ်နဲ့ယွန်းမှီလေးကို သတိရသလိုရှိလာလို့ ထပ်ဖတ်ဖို့ ဆုံးဖြတ်ဖြစ်တယ်။ ဇာတ်သိမ်းပိုင်းဖတ်ပြီးတော့ မျက်ရည်ဝဲရတယ်... ပြီးသွားမှာကိုကြောက်နေသလိုမျိုး... နွယ်နဲ့ယွန်းမှီ‌ကို ထပ်နှုတ်ဆက်ရမှာကို အရင်ဆိုင်ရက်ဘူး။ နွယ့်diaryဖတ်ပြီးတော့ မထိန်းနိုင်ဘဲ မျက်ရည်ကျရပြန်တယ်။ "အမိဟာ လေအရူးလိုပဲ၊အမိဟာလေအရူးလိုပဲ၊သစ်ခက်နွယ်ရဲ့ အမိဟာလေ အမြဲတမ်းအရူးလေးလိုပါပဲ" ဒီသုံးကြောင်းလေးကို မရည်ရွယ်ဘဲနဲ့ ဖတ်မိသွားသည့်တိုင်၊ ဘာရေးထားမှန်းမြင်သည့်တိုင်ကို ရဲ"ဝံ့"ဖတ်လိုက်ဖို့ရာ မရဲဖြစ်နေတဲ့အထိ။ သံယောဇဉ်နွယ်ဟာ လူကိုမျက်ရည်ကျစေခဲ့တယ်။ ၀မ်းနည်းစရာဇာတ်သိမ်းမျိုးမဟုတ်ပါဘဲ၊အလွမ်းအဆွေး၀တ္ထုမျိုးမဟုတ်ပါဘဲ။ လှပလွန်းလို့၊ မြတ်နိုးစရာကောင်းလွန်းလို့ကို မျက်ရည်ကျစေခဲ့တယ်။

AKira_LOON

@LioJun_20 စာမရေးတာအရမ်းကြာနေတဲ့ ကိုယ့်အတွက် အရင်က စာရေးတဲ့ဘဝကိုရော သံယောဇဉ်နွယ်ရဲ့ အမှတ်တရတွေကိုရော ပြန်သတိရသွားစေတဲ့ feedback မျိုးပါပဲ နွယ်တို့ရွာနောက်တစ်ကြိမ် အလည်လာပေးလို့ရော ဒီလိုအမှတ်တရတွေကို ပြန်သတိရ‌စေလိုရော ကျေးဇူးတင်ပါတယ် ကြည်လင်အေးမြပါစေနော် 
Reply

LioJun_20

သံယောဇဉ်နွယ်ကိုသာ ပထမဆုံးအကြိမ်အနေနဲ့ပြန်ဖတ်ခွင့်သာရမယ်ဆိုရင်လည်းလေ ကျွန်တော်အတိုင်းမသိကို၀မ်းသာမိမှာ။
            
            ကျွန်တော့်ဘ၀ရဲ့ တစ်စိတ်တစ်ဒေသဖြစ်သွားရတဲ့အထိ သံယောဇဉ်ကြီးမားလွန်းလှတဲ့ ခင်ယွန်းမှီ နဲ့ သစ်ခက်နွယ် ဆိုတဲ့ ကလေးမလေးနှစ်ယောက်ကို ဖန်တီးပေးလို့ စာရေးသူကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
            
            နောက်နောင်လည်း ခင်ယွန်းမှီ နဲ့ သစ်ခက်နွယ်လေးကို လွမ်းခဲ့ရင်၊ ယင်းမယ်ကန်က ကြာပြာလေးတွေ နောက်တစ်ခေါက် လာခူးဆွတ်ဦးပါမယ်ဗျာ။
Reply

LioJun_20

ကျွန်တော်တော့ နွယ်နဲ့ယွန်းမှီကို တကယ်သံယောဇဉ်ရှိနေပုံပါပဲ။ ဖြစ်သာဖြစ်နိုင်ရင် ထန်းပင်တန်းရွာထဲ အလည်သွားချင်ပါရဲ့။ ရွာအပြင်ဘက်မှာ နွားလိုက်ရှာတဲ့ ကောင်မလေးတစ်ယောက်နဲ့၊ မြို့ကပြောင်းလာတဲ့ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို အစအဆုံးငေးကြည့်ချင်မိပါရဲ့။ အောင်မဲညို၊ပိုပို၊မိုမို တို့နဲ့လည်း အတူတူဆော့ပေးချင်ပါရဲ့။ မလုံးတင်ရဲ့အတင်းစကားလေးတွေလည်းနားထောင်ချင်မိသား။ အလုပ်သမားကလေးတွေ အချိုတည်းကြတဲ့ စတုမဓူလည်းမြည်းချင်သလို၊ ကောက်စိုက်သမလေးတွေရဲ့တေးသီချင်းလေးတွေလည်းနားထောင်ချင်ရဲ့။ ရွာအစွန်က တနင်္လာနံတွေပြည့်နေတဲ့အိမ်ကလေးမှာ ထန်းလျက်နံ့လေးတွေကိုလည်း တ၀ကြီးခံစားဖူးချင်တယ်။ ဦးအောင်မြိုင်အိမ်မှာလည်း တီဗီကြည့်ဖူးချင်ပါသေးတယ်။ နောက်ပြီး ကန်ဘောင်ပေါ်တစ်ခေါက်လောက်လှဲချင်သလို...ယင်းမယ်ကန်ရဲ့ကြာပြာလေးတွေလည်းခူးကြည့်ချင်ပါသေးတယ်။
Reply

SiThuKoKo942

နွယ်ရဲ့ ညို့အားတေကြောင့် တနေ့ထည်းဖတ်ပြစ်တာ မျက်လုံးတေ တောင်ကန်းတော့ မယ် ယွန်းမှီရယ် ငုဝါကိုတောင် သနားသွားပီ 

SiThuKoKo942

@SiThuKoKo942 ဟုတ်မှာပါလေ အချစ်က ရှုပ်ထွေးလိုက်တာ 
Reply

AKira_LOON

@SiThuKoKo942 ငုဝါက သနားစရာဟုတ်ပါတယ် ဒါပေမယ့် သူလည်း နွယ်ပျော်နေရင် သူလည်း ကျေနပ်မှာပါ 
Reply

NayChi99

Fic အသစ်လေးတွေ မျှော်နေပါတယ် လုံးလုံးရှင့်
          Candy လေးကို စောင့်နေပါတယ်

NayChi99

@AKira_LOON ဟုတ်ကဲ့ ပြန်ဖတ်လိုက်ပါအုန်းမယ်ရှင့် ✌
Reply

AKira_LOON

@NayChi99 candyလေးကို စီစဉ်နေပါပြီ ၊လာမယ်တဲ့ဗျာ 
Reply