Fake Love(Ep12)💔
💕💕💕💕💕💕💕
"ဒေါက်..ဒေါက်"(တံခါးခေါက်သံ)"Jungkook yahhh"
တံခါးကို ဖွင့်ဝင်လာပြီး ကုတင်နားသို့ တစ်လှမ်းချင်း ဖြေးဖြေးလေး လျှောက်လာလိုက်သည်..
နာမည်ခေါ်နေတာတောင် ဘာအသံမှ ပြန်မတုန့်ပြန်ပုံရရင် အိပ်ပျော်နေလို့ များလား.
"အဟိ...အိပ်နေတဲ့ ပုံလေးကလည်း ချစ်စရာလေး"
ဆေးရုံဝတ်စုံ အဖြူလေးနဲ့ ကျောက်ပတ်တီးစီးထားတဲ့ လက်တစ်ဖက်က ကြိုးသိုင်းလေးကို လည်ပင်းနဲ့ သွယ်ထားသည်..
ကိုယ် လျှာရှည်လို့ Jung အဲ့လိုဖြစ်ရတာကို ကြည့်ပြီး စိတ်ထဲတောင်မကောင်းဘူး..
သူဆေးရုံတက်နေတဲ့ တစ်ပတ်အတွင်း ကျောင်းမှာ စာသင်ရင်လည်း ခေါင်းထဲ စာမရောက် ...
ကျောင်းစာသင်ခန်းထဲကနေ ကျော်ပြီး ဆေးရုံခန်းထဲမှာ တစ်ယောက်တည်းရှိနေမယ့် Jung ဆီ စိတ်တွေက ရောက်နေခဲ့သည်.
တစ်နေ့တစ်နေ့ စာသင်ချိန် အမြန်ကုန်ဖို့ပဲ စိတ်ထဲမှာ တကျိတ်ကျိတ်ဆုတောင်းနေမိသည်..
ညနေ ကျောင်းဆင်းတိုင်း အိမ်တန်းမပြန်ဘဲ
သူ့ဆီသာ လာတော့သည်..
ဒီနေ့အတွက်တော့ Jung အတွက် သတင်းဆိုးတစ်ခု ပါလာတယ် Jung...။Jung အခုချိန်မှာ Tae ကြောင့်စိတ်ညစ်နေတာနားလည်ပါတယ်။
ဒါပေမယ့် ကျောင်းမှာ ဖြေထားတဲ့ လပတ်စာမေးပွဲမှာ သူ အင်္ဂလိပ်စာ ကျတယ်ဆိုတာကိုတော့ ပြောပြသင့်သည်လို့ ထင်သည်။
သူအဲ့အကြောင်းကြားရင် ပိုစိတ်ညစ်သွားမလား။
ပြောသင့်လား။မပြောသင့်လား။ အခုထိ တွေးလို့ကို မရတော့ဘူး..
ဟူး...စိတ်ညစ်တာပဲသိတယ်..
ကိုယ်တောင် အဲ့လောက်စိတ်ညစ်နေရင် သူသာဆိုရင်...။........
သူ့မှာအခုဆို ကျောက်ပတ်တီးကြီးက တစ်ဖက်နဲ့ ဘေးစောင်းအိပ်လို့အဆင်မပြေတာကြောင့် ကုတင်ပေါ်မှာ ပက်လက်လေး ခလောခလူးနဲ့ အိပ်မောကျနေတဲ့ Jung က ကလေးတစ်ယောက်လို အပြစ်ကင်းစင်သည့် ရုပ်လေးနှင့် တအားချစ်ဖို့ကောင်းသည်..
ဒါပေမယ့် အဲ့ကလေးပုံလေးကို ဖျက်လိုဖျက်စီးလုပ်နေတာက သူ့လက်မောင်းက အချို့တ၀က်ပေါ်နေတဲ့ စိမ်းပုပ်ရောင် ဆေးမှင်ကြောင်တွေ..
မုန်းလိုက်တာ..အဲ့ဆေးမှင်ကြောင်ကြီးတွေ.

YOU ARE READING
Fake Love [Completed]
Fanfictionသူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ် သူ့ဆိုးသွမ်းမှုအောက်မှာအကြိမ်ကြိမ်အခါခါကျရှုံးတဲ့ ကျွန်မကို သူက အရူးတစ်ယောက်လို့သတ်မှတ်ထားတယ်