po_flo

Author's Note
          	
          	
          	ဒီဇာတ်ကောင်ကို ငါအရမ်းချစ်တယ်
          	
          	သူက ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို ကပြနေတာ...
          	
          	
          	
          	သိပ်လှတဲ့ အစိမ်းရောင်တွေ မူးဝေစေတဲ့ အစိမ်းရောင်တွေ ရွံ့ရှာစရာကောင်းတဲ့ အစိမ်းရောင်တွေ...
          	
          	
          	Green Pea
          	
          	

happiness_wadiness

စာတွေဆက်မရေးတော့လား wpထဲမဝင်ဖြစ်တော့တာလားမသိပေမယ့်ပေါ့ ဟန်ရိပ်ညက ကိုယ့်ကိုတကယ်ဆွဲခေါ်သွားနိုင်တယ်
          စာရေးသူပြောသလိုပါဘဲ ဒါဟာဇာတ်လမ်းတစ်ပုဒ်ဆိုတာထက် ပန်းချီကားလှလှလေးတစ်ခုလိုဘဲ။သိပ်လှတဲ့အနုပညာလေးတစ်ခုပေါ့။တစ်ပုဒ်လုံးကို စီးမြောနေလိုက်တာ နောက်ဆုံးမှဘဲ မန့်ဖြစ်ခဲ့တဲ့အထိ။နောက်ကျမှဖတ်မိတာ ကောင်းတာလား၊ဆိုးတာလားမသိတော့ပေမယ့် ဖတ်ခဲ့မိတာကံကောင်းခြင်းဆိုတာတော့သိတယ်။စိတ်တွေလွင့်ကြဲနေချိန်မှာ ရသလေးတစ်ခုကို သေချာခံစားလိုက်ရတာမို့ စိတ်အဆာပြေတယ်ဆိုတာထက်ကိုပိုပါတယ်။သေချာတာတစ်ခုက ဟန်နဲ့နေရောင်ကို မေ့နိုင်တော့မယ်မထင်ဘူး။သူတို့ရဲ့ လှပတဲ့နက်ရှိုင်းတဲ့ ချစ်ခြင်းမေတ္တာကိုရောပေါ့။မျက်ရည်မလွယ်လို့ မငိုမိပေမယ့် ရင်ထဲမှာတင်းကြပ်နေခဲ့တာ ငိုလို့မရတာက မွန်းကြပ်ပြီးစိတ်တွေကထုံနေလို့လည်း ဖြစ်ပါလိမ့်မယ်။ဇာတ်သိမ်းမှာ ရင်ထဲကတင်းကြပ်မှုတွေကို ဖြေလျော့လိုက်နိုင်တယ်။‌ရှင်ကတကယ်တော်တဲ့ စာရေးသူတစ်ယောက်ပါ။စာရေးသူဆိုတာထက် စာတွေနဲ့ပန်းချီရေးတဲ့သူလို့ ပြောရင်ပိုမှန်မယ်ထင်ရဲ့။
           

po_flo

@W_for_Wady ကြာသွားတဲ့ ပြန်စာအတွက် တောင်းပန်ပါတယ်နော်
            
            wpထဲဝင်ဖို့ကိုကြောက်နေခဲ့တာပါ လက်တွေ့မှာရှင်သန်ဖို့ ကြိုးစားနေရတဲ့အတွက် အိပ်မက်မမက်နိုင်သေးလို့ပါ။
            ဒီစာလေးကိုမြင်တော့ ငိုမိပါတယ်။
            ကျေးဇူးတင်ပါတယ် 
            လမ်းပျောက်နေတဲ့po_floအတွက်လိုအပ်နေတဲ့ အလင်းတန်းတစ်ခုကိုတွေ့လိုက်ရသလိုပါပဲ
            
            ငိုဖို့အကြောင်းပြချက်လေး တွေ့သွားပါပြီ။ ကျေးဇူးပါ။
            
            ငိုပြီးသွားရင် အသစ်ပြန်စနိုင်တော့မယ် ထင်ပါရဲ့......
            
            
            
Reply

po_flo

Author's Note
          
          
          ဒီဇာတ်ကောင်ကို ငါအရမ်းချစ်တယ်
          
          သူက ငါ့ကို မကောင်းဆိုးဝါးတစ်ကောင်လို ကပြနေတာ...
          
          
          
          သိပ်လှတဲ့ အစိမ်းရောင်တွေ မူးဝေစေတဲ့ အစိမ်းရောင်တွေ ရွံ့ရှာစရာကောင်းတဲ့ အစိမ်းရောင်တွေ...
          
          
          Green Pea
          
          

TforThiamCham

Po ရေ ~ 
          
          စကားလှလှလေးတွေမပြောတတ်ပေမယ့် ည 3 နာရီထိုးကြီး ရင်ထဲမှာတမျိုးကြီးခံစားလိုက်ရလို့ ဒီစာလေးလာရေးတာပါ 
          nth special just appreciation post<3
          
          မှတ်မှတ်ရရ မနှစ်လောက်က Fiction Name လေးကကိုယ့်ကိုဆွဲဆောင်နေလို့ Library ထဲထည့်ထားပြီးဖတ်ခဲ့တာ 
          အစပိုင်းလေးပဲဖတ်ဖြစ်ခဲ့​တာ အနေအထားတချို့ကြောင့်စာသိပ်မဖတ်ဖြစ်တော့တာနဲ့တန်းလန်းကြီးဖြစ်နေခဲ့တာ ဒါပေမယ့်လေ ဒီစာအုပ်လေးနာမည်ကိုစိတ်ထဲစွဲနေခဲ့တာ!
          
          ဟိုတနေ့က Book Cover ကဟန်ရိပ်လေး​အကြောင်း
          တွေတော့ စိတ်ကူးကောင်းလိုက်တာဆိုပြီး ပြန်ဖတ်ဖို့အမှတ်ရသွားတာ T T အလုပ်တွေရှုပ်နေတာနဲ့ဒီနေ့ Order ဝင်တင်ပြီးမှပဲဖတ်ရတော့တယ် ( Po's LG လေးလည်းရခဲ့တယ် 
          အဆုံးထိမဖတ်ရသေးဘဲအလိုလိုသဘောကျပြီးဝယ်မိခဲ့တာကို အခုမှပြန်ပြန်တွေးမိပြီးကြည်နူးနေတော့တာပါပဲ<3 ) 
          
          နူးနူးညံ့ညံ့ငြိမ့်ငြိမ့်ညောင်းညောင်းလေး ရုပ်ရည်သွင်ပြင်တွေ နောက်ခံအကြောင်းတွေမပါဘဲနဲ့ကို တကယ့်အဖြစ်အပျက်တွေကိုထိုင်ကြည့်နေရသလိုခံစားလာရတာ မျက်ရည်ပါကျလာရော:'' အရေးအသားသိမ်မွေ့ပြီးကောင်းလွန်းတယ်ဆိုတာကလွဲလို့ ဘာမှထပ်မပြောတတ်တော့ဘူးရယ် သဘောကျလိုက်တာ တကယ်သဘောကျတယ် T T
          
          ဖန်တီးမှုအတွက်ကျေးဇူးအများကြီးတင်ပါတယ်! တကယ်ကျေးဇူးတင်ပါတယ်! 

TforThiamCham

@TforThiamCham နွေးထွေးတဲ့Reply အတွက်လည်းကျေးဇူးတင်ပါတယ်!! စာအုပ်လေးထုတ်နိုင်ခဲ့တဲ့အတွက်အများကြီးဂုဏ်ယူပါတယ် Fan acc နဲ့လာအပ်ထားတာလက်ခံပေးလို့လည်းတကယ်ပျော်ရပါတယ်လို့ စာတွေများကြီးဆက်ဖတ်ချင်ပါသေးတယ် ><
Reply

po_flo

@TforThiamCham အခုလိုလေး ပြန်ဖတ်ရလို့ တကယ်ကိုပျော်မိပါတယ်။
            
            စာလုံးရေ နည်းနည်းလေးတွေကို ဒီလိုမျိုး ရင်ထဲထိခံစားပေးကြတာဟာ poတကယ်မမျှော်လင့်ခဲ့ဖူးတဲ့ ဆန်းကြယ်မှုတွေပါပဲ...
            
            ပြန်လည်ပြီး ကျေးဇူးတင်ပါတယ် ဒီအပျော်လေးတွေကို ခံစားခွင့်ရခဲ့လို့ 
            
            (LGလေးရလို့လည်း ဝမ်းသာပါတယ်) 
Reply

po_flo

"1945 ခုနစ်တွေဆီသို့"
          
          ခရီးစဥ်လေးအား ' ဒီနေ့ည 8နာရီ ' မှစပြီး
          လက်မှတ်လေးတွေ စရောင်းတော့မှာပါ
          ချစ်ရပါ​သော စာဖတ်သူတို့...!
          
          
          
          1945ခုနစ်တွေမှာ ငါတို့ရှိနေပါ့မယ်...။
          
          အမှတ်တရများစွာဖြင့်
          po_flo
          
          
          
          "1945 ခုနစ်တွေဆီသို့"
          
          
          
          
          
          အမှတ်တရများစွာဖြင့်
          po_flo
          
          

po_flo

I'll be there in 1945 စာအုပ်လေးကို moonsoon book house မှာ ကြေညာထားပါပြီ ❤❤
          
          
          
          

po_flo

ဒါ po ရဲ့ အသစ်ဖွင့်ထားတဲ့ offical Po Flo facebook acc ပါ
          
          https://www.facebook.com/profile.php?id=100076618386894
          
           နောက်လာမယ့် updateတွေကို အ့မှာလည်း sharingလုပ်ပေးမှာပါ 
          
          
          
          
          
          
          

po_flo

Merry Christmas ☪❤
          ဒီနေ့လေးမှာ ဘယ်သူတွေနဲ့ အတူရှိနေမှာလဲ...?
          
          တကယ်ပဲ မင်းကို ပျော်ရွှင်စေမယ့်သူတွေနဲ့ အတူရှိနေနိုင်ပါစေ...
          
          ဒီနေ့က နွေးထွေးစွာ ပျော်ရွှင်ရမယ့်နေ့လေးပါ... ဒါတွေဟာ မင်းအတွက်လည်း ထပ်တူကျပါစေ... 
          
          Marry Christmas to all...
          
          
          
          
          Merry Christmas ☪❤
          
          
          
          Marry Christmas to all...

Corra_55

@po_flo Merry Christmas to you too
Reply

Lan_Ella

1945 လေးတအားကြိုက်တာပဲ ဇာတ်သိမ်းထိရင်ထဲမှာကျန်ခဲ့နေရော်ဘဲ ညီမ mm oc ficတွေဖတ်လေ့မရှိဘူး translation novel တွေဘဲ ဖတ်တာများတယ် ဒါပင်မဲ့ အမရေးတာလေးကတအားကောင်းတာပဲ အမအတွက်fan art လေးဆွဲပေးချင်တာ art gift လေးပေးချင်လို့  အမ fbသုံးလားမသိဘူး 

po_flo

hello! 1945 က po floပါ
          မှတ်မိကြပါသေးရဲ့လား...
          
          ဖြည်းဖြည်းချင်းတက်လာတဲ့ viewerလေးတွေကို po တိတ်တဆိတ်ပဲ စောင့်ကြည့်နေခဲ့ပါတယ်...အားလုံးကို ကျေးဇူးပါ
          
          1945လေးကို po ထပ်မံပြီး နောက်တစ်ခေါက်ပြင်ဆင်လိုက်ပါတယ်
          မကြာခင် တိုးလာတဲ့စာသားအချို့နဲ့ extraလေးတွေကို နောက်တစ်ခေါက်ပြန်ဖတ်ကြည့်ပေးဖို့ ​ေမျှာ်လင့်ပါတယ်
          
          notiတွေများသွားခဲ့ရင်တော့ ကြိုပြီး တောင်းပန်တယ်နော်...
          

Nova_Danica

@po_flo ဝိတ်တင်း >.<
Reply

po_flo

@Leon_Whit @Wuthiriexowiffy @RainZatt2028 poလည်းမှတ်မိပါတယ် အားလုံးကို ❤ ပျောက်ပျောက်သွားတတ်တာလေးလည်း poပြင်တော့မယ် ficအသစ်လေးလည်းစောင့်ပေးကြပါနော်...❤❤
Reply

Nova_Danica

@po_flo Ltns ❤️။ ခဏခဏ လာကြည့်ဖြစ်တယ် ပြန်များလာမလားလို့။
Reply