Start Reading
Description
ခပ်သင်းသင်းရနေတဲ့ ကော်ဖီငွေ့တွေမှာတောင် အမှတ်တရတွေ နှစ်ဝင်နေတယ် ကော်ဖီတစ်ခွက်လုံးဆို ကျွန်တော်တို့ရဲ့ အမှတ်တရတွေ ဘယ်လောက်များလိုက်မလဲ တစ်ငုံသောက်လိုက်တိုင်း အစ်ကို့အကြောင်းကို တစ်ခါတွေးမိတော့ ဒီကော်ဖီတစ်ခွက်ကို မကုန်သွားစေချင်ပေမယ့် ကျွန်တော်ဘယ်လို တတ်နိုင်မလဲ အေးစက်နေတဲ့ ညတွေမှာ အနွေးဓာတ်ကို ရလိုရငြား စီးကရက်တစ်လိပ်ကို ဖွာရှိုက်မိတယ် လွင့်ပြယ်သွားတဲ့ စီးကရက်ငွေ့တွေမှာ ကျွန်တော်မပြောဖြစ်လိုက်တဲ့ အတွေးစတွေဟာ ငြိတွယ်သွားတယ် ကင်မရာတွေက အဝေးကအရာတွေကို အနီးကပ်ချဲ့ပြီး ကြည့်နိုင်ပေမယ့် အစ်ကို့နှလုံးသားထဲကိုတော့ မမြင်နိုင်ခဲ့ဘူး ကျွန်တော် ချိန်ဆမတတ်လို့လား အရာအားလုံးဟာ ဝေဝေဝါးဝါး.......
အမှာစာ
Continue Reading on Wattpad