Edinlouis
Montreux lake ရဲ့အလှတရားက ပန်းလေးတွေကိုတယုတယ ခူးရင်း လောကရဲ့အ လှပဆုံးနဲ့ အဖြူစင်ဆုံး အပြုံးတွေကို စွန့်ကျဲတတ်တဲ့မိန်းကလေးကို မဖုံးလွှမ်းနိုင်ခဲ့ပါ။ သူမ နှလုံးသားတစ်ခုလုံး သူမတစ်ဘဝလုံး၏ ဆက်နွယ်သူကို နန်းလျာ ကြည်နူးစွာဖြင့်ကြည့်မိသည်။ Globeflower တစ်ခုကို သူခူးယူလိုက်ရင်း သူကိုယ်တိုင် ကျစ်ဆံမြှီးကျစ် ဆံထုံး ထုံးပေးထားသည့် သူ့ဆက်နွယ်သူ၏ ရွှေဝါရောင်ဆံနွယ်လေးတွေထဲကို ညှပ်ထည့်ပေးမိသည်။ ထို့နောက်ထိုအမျိုးသမီးလေး၏ ခေါင်းကိုအသာပုတ်ပေးရင်း စိတ်မှရေရွတ်မိသည်က....
"မတက်သင့်တဲ့လောဘကိုမှ ငါတော့..စွဲလမ်းမိပြီနဲ့တူပါတယ် ခွန်းဆက်နွယ်..."
(2018 type ပါ။ Switzerlandသူ ကပြားမလေးနဲ့ ချစ်ချစ်အကြောင်းပေါ့လေ။)
နန်းလျာမေ + ခွန်းဆက်နွယ်