potatochicken23
အရာအားလုံးက ထူးဆန်းမှုတစ်ခုနှင့်အတူစတင်ခဲ့သည်။ပထမဆုံးအနေဖြင့် သူမွေးထားသည့်အိမ်ေမွးကြောင်လေးက သူ့ကို လုံးဝ အချော့မခံ၊အပွေ့မခံတော့ပေ... မကြာမီမှာပင် လင်းချိုးရှီ မိမိပတ်ဝန်းကျင်ရှိ အရာရာတိုင်းတွင် ပုံမှန်မဟုတ်ဘဲ ကမောက်ကမဖြစ်နေသည့်အငွေ့အသက်နှင့် သဟဇာတမဖြစ်မှုများလွှမ်းမိုးလာသည်ကို သတိပြုမိလာခဲ့သည်။
ထို့နောက် ဆန်းကြယ်လှသောနေ့တစ်နေ့တွင် သူတံခါးတစ်ချပ်ကို တွန်းဖွင့်လိုက်မိရာ...သူ ရင်းနှီးကျွမ်းဝင်နေသည့်အိမ်တွင်းစင်္ကြံလမ်းက အဆုံးအစမရှိကျယ်ပြောလှသောစင်္ကြံလမ်းမကြီးတစ်ခုအဖြစ်ပြောင်းလဲသွားကြောင်း တွေ့လိုက်ရတော့သည်။
ထိုစင်္ကြံလမ်းမကြီး၏တစ်ဖက်တစ်ချက်စီတွင်တော့ တစ်ပုံစံတည်းတူညီသည့်အနက်ရောင် သံတံခါးကြီး ၁၂ ချပ်ရှိနေသည်။သူ ထိုတံခါးများထဲမှ တစ်ချပ်ကို ထပ်မံ၍တွန်းဖွင့်လိုက်မိရာ.....
ဤသို့ဖြင့်...ဇာတ