Kisekinohikari
လမင်းကြီးက ညအမှောင်ယံမှာ
အေးချမ်းလှစွာ ထိန်ထိန်သာနေပေမယ့်...
လရောင်အောက်က သူ့ဘဝကတော့
စုတ်ပြတ်သတ်နေခဲ့တယ်...
သေလောက်အောင် မွန် းကြပ်နေတယ်...
ရင်ဖွင့်စရာလူမရှိ။
သေလောက်အောင် နာကျင်နေတယ်...
ထွေးဖက်ထားပေးမယ့် ရင်ခွင်မရှိ။
သေလောက်အောင် မောပန်းနေတယ်...
အားကိုးစရာလူမရှိ။
အနားယူချင်တယ်...
ဒါပေမယ့် သူလဲကျလို့မဖြစ်ဘူး။
သူလဲကျသွားရင်
ပြန်ထူပေးမယ့်သူ မရှိခဲ့လို့ပဲ...
စာဏီ (ခ) ဆည်းဆာရောင်နီ
---
အနွေးဓာတ်ပေးနိုင်မယ့်
ရင်ခွင်တစ်စုံကို အလိုရှိတယ်...
ကိုယ်က မင်းဆီက
အနွေးဓာတ်ကို အလိုရှိနေသလို-
မင်းအတွက်လည်း
လုံခြုံစေမယ့် အနွေးဓာတ်မျိုး
ကိုယ်ပေးနိုင်ပါတယ်။
ဒါကြောင့်...
ကိုယ့်နားမှာပဲ ရှိနေပေးပါ။
နွန်း (ခ) ခေးစစ်နွန်း
..............