Delilah9831
တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်မှာ အမှောင်ထုနဲ့ ကျေးငှက်တို့အသံသာ ကြီးစိုးလျှက် ...
အဝေးတစ်နေရာကနေ အော်ဟစ်နေတဲ့ မပီပြင်ဝိုးတစ်ဝါး ဆူညံသံတွေ .. ကျောထဲစိမ့်သွားတဲ့ ခံစားချက်နဲ့အတူ ပုခုံးပေါ်ရောက်လာတဲ့ အေးစက်'စက်လက်တစ်စုံရဲ့ အထိအတွေ့ ။
"မကြောက်နဲ့ကောင်လေး .. ငါကမင်းကို အန္တရာယ်မဖြစ်စေပါဘူး"
အသံကြောင့် လှည့်ကြည့်လိုက်ချိန် မြင်လိုက်ရတဲ့ မြင်ကွင်းက .. '6'နှစ်သာ ရှိတဲ့ ကောင်လေးတစ်ယောက်အတွက် .. လောကကြီးနဲ့ အဆက်အသွယ်ပြတ်သွားဖို့ လုံလောက်စေခဲ့တယ် ..။
လန့်နိုးလာချိန် ဘေးဘီကိုဝေ့ကြည့်လိုက်တော့ ကိုယ့်အခန်းထဲပြန်ရောက်နေမှ သက်ပြင်းချလိုက်မိသည် ။ အိပ်မက်ထဲမှာ အမြဲမြင်တွေ့နေရတဲ့ အဲ့ဒီလူက ဘယ်သူဆိုတာကို မသိပေမယ့် သေချာတာတစ်ခုက .. ကိုယ်အခုဖြစ်နေတဲ့ ကိစ္စတွေက ထိုသူနဲ့ပတ်သတ်နေမယ်ဆိုတာပင် ။
Delilah
1.5.2026